Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြို့တော်ကိဗ်ယက်ကို ပစ်မှတ်ထားတိုက်ခိုက်သည့် ရုရှား၏ဒုံးကျည်များကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော

Pika (NSS) - ဒီဇင်ဘာ ၁၁

ယူကရိန်းတပ်ဖွဲ့များသည် ဒီဇင်ဘာလ(၁၁)ရက် နံနက်ပိုင်းတွင် ကိဗ်ယက်မြို့ကို ပစ်မှတ်ထားတိုက်ခိုက်သော ရုရှား၏ ဒုံးကျည်(၈)စင်းကို ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

ယူကရိန်းလေတပ်က "ဒီဇင်ဘာလ(၁၁)ရက် နံနက်(၄)နာရီအချိန်မှာ ရုရှားတပ်ဖွဲ့တွေဟာ ကိဗ်ယက်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ကိဗ်ယက်မြို့ကို ဦးတည်ပျံသန်းလာတဲ့ ဒုံးကျည်(၈)စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ရုရှားဖက်က ပစ်လွှတ်လိုက်သောဒုံးကျည်များကို ဖျက်ဆီး နိုင်ခဲ့သော်လည်း ဒုံးကျည်အစိတ်အပိုင်းများသည် Darnytskyi ခရိုင်သို့ ကျရောက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။ 


ကိဗ်ယက်မြို့တော်ဝန်ဗစ်တာလီကလစ်စကို က "အခင်းဖြစ်ပွားရာနေရာမှာ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ဖို့ ဆေးဘက်ဆိုင်ရာအကူအညီတွေ စေလွှတ်ထားပါတယ်။ ပြီးတော့ Darnytskyi ခရိုင်မှာရှိတဲ့ ဂိုဒေါင်တစ်ခုရဲ့ ခြံဝန်း အတွင်းမှာ ကျရောက်နေတဲ့ ဒုံးကျည်အစိတ်အပိုင်းတစ်ခုကိုလည်း တွေ့ခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်တာမျိုးနဲ့ အဆောက်အဦး ထိခိုက်ပျက်စီးတာမျိုးတော့ မရှိပါဘူး" ဟု ပြောခဲ့သည်။

ရုရှားနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အတိုင်း ဆောင်းရာသီအလယ်ပိုင်းတွင် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အဦးများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ယူကရိန်းအာဏာပိုင်များက စွပ်စွဲပြောဆိုခဲ့သည်။ ၂ဝ၂၂ ခုနှစ် ဆောင်းရာသီကာလအတွင်း ရုရှားသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အဦးများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်းပြည်သူသန်းချီ အချိန်အတော်ကြာ လျှပ်စစ်မီးပြတ်တောက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ယူကရိန်းသည် အမေရိကန်နှင့်ဥရောပရှိ မိတ်ဖက်နိုင်ငံများထံမှ စစ်လက်နက်ပစ္စည်းများဖြင့် ၎င်း၏ လေကြောင်း ရန်ကာကွယ်ရေးစနစ်များကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ခဲ့သော်လည်း အားနည်းသောဒေသများကို ကာကွယ်ရန်အတွက် နောက်ထပ်စစ်လက်နက်ပစ္စည်းများကို ပိုမိုလိုအပ်နေပြီဖြစ်ကြောင်း ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဒီဇင်ဘာလ ၁၁ ရက်အတွင်းဖြစ်ပွားခဲ့သည့် မြန်မာ့အရေးများနှင့် နိုင်ငံတကာက သတင်းထူးများ

RELATED POSTS
RECENT POSTS
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved