Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်တွင် လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၆)ဦး သေဆုံး

Pika(NSS) - ဒီဇင်ဘာ ၁ဝ 

အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ် အလယ်ပိုင်းတွင် ဒီဇင်ဘာလ(၉)ရက်က လေဆင်နှာမောင်း အများအပြား ဝင်ရောက်တိုက်ခိုက်မှုများ အပါအဝင် ပြင်းထန်သော ရာသီဥတုကြောင့် အနည်းဆုံးလူ(၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် ကန်တက်ကီပြည်နယ်နယ်စပ်အနီးတွင် ရှိသော Nashville မြို့ အနောက်မြောက်ဘက်ရှိ  Clarksville မြို့တွင် လူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂)ဒါဇင်နီးပါးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Montgomery ကောင်တီမြို့တော်ဝန်ဝက်စ်ဂိုးလ်ဒန်းက "ဒီနေ့ဟာ ကျွန်တော်တို့အသိုင်းအဝိုင်းအတွက် စိတ်မကောင်းစရာနေ့တစ်နေ့ပါပဲ။ ဒီဖြစ်ရပ်အတွင်း နေအိမ်ဆုံးရှုံးသွားသူတွေ၊ ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ လူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ကျွန်တော်တို့ အဆုံးအထိ သူတို့နဲ့ ရှိနေပေးမှာပါ" ဟု ပြောခဲ့သည်။


အဆိုပါ မုန်တိုင်းဒဏ် ခံခဲ့ရသူများအတွက် Montgomery ကောင်တီရှိ အထက်တန်းကျောင်းကို သဘာဝ ဘေးအန္တရာယ်ကယ်ဆယ်ရေးစင်တာနှင့် ယာယီကယ်ဆယ်ရေးစခန်းအဖြစ် လုပ်ဆောင်ထားကြောင်း ဝက်စ်ဂိုးလ်ဒန်း က ပြောကြားခဲ့သည်။

လေဆင်နှာမောင်းတိုက်ခတ်မှုများအတွင်း Nashville မြို့ရှိ Nesbitt Lane ဧရိယာတွင် အခြားလူ(၃)ဦး သေဆုံးခဲ့ကြောင်း Nashville မြို့အရေးပေါ်ဝန်ဆောင်မှုဌာနများက ပြောကြားခဲ့သည်။ Nashville မြို့အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီသည် လေဆင်နှာမောင်းတိုက်ခတ်မှုအတွင်း ပျက်စီးသွားသော နေအိမ်များ၏ ဓါတ်ပုံကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။


Clarksville မြို့တွင် လေဆင်နှာမောင်း အနည်းဆုံးတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။ ထို့အပြင် Nashville မြို့အနီးတွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်း အပါအဝင် အခြားလေဆင်နှာမောင်းများ တိုက်ခတ်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာများလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

အမျိုးသားမိုးလေဝသဌာနသည် တန်နက်စီပြည်နယ် Springfield မြို့အနီးတွင် တိုက်ခတ်ခဲ့သည့် လေဆင် နှာမောင်းကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တွင် တင်ခဲ့ကြောင်းလည်း သိရသည်။ Clarksvilleမြို့ မြို့တော်ဝန်ဂျိုးပစ်တ်က "ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့သတင်းတစ်ခုဖြစ်ပြီး ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့သူ တွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေအားလုံးကို ကူညီဖို့အတွက် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန်ယူအသင်းက အသင်းအဖွဲ့တစ်ခုအနေဖြင့် ကောင်းမွန်စွာလက်တွဲလုပ်ဆောင်နိုင်ခြင်းမျိုး မရှိသေးကြောင်း မန်ယူနည်းပြ ဝေဖန်

RECENT POSTS
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved