Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNPP ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားသော လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် (၈) ဦးနှင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေ

Pearl (NSS) - ဒီဇင်ဘာ ၁ဝ

KNPP၊ PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးထိမ်းသိမ်းထားသော လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် (၈) ဦး နှင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြောင်း သိရသည်။

KNPP၊ PDF ပူးပေါင်းအဖွဲ့သည် ၄င်းတို့ ဖမ်းဆီးထိမ်းသိမ်းထားသူ (၂ဝ၄) ဦးအနက် (၁ဝ၇) ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင်လည်ကောင်း၊ (၈၆) ဦး ကို နိုဝင်ဘာလ ၂၈ ရက် တွင်လည်းကောင်း၊ စုစုပေါင်း (၁၉၃) ဦး ကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက လွိုင်ကော်တက္ကသိုလ်  ပါမောက္ခချုပ် အပါအဝင် (၈) ဦးကို KNPP၊ PDF ပူးပေါင်းအဖွဲ့ က ဒီဇင်ဘာ ၅ ရက်တွင် ဒဏ်ငွေ ၁၇ သိန်းကျပ်ဖြင့် အရေးယူခဲ့ပြီး၊  နေရပ်ပြန်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သတင်းဌာနအချို့တွင် ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

သို့သော် လွိုင်ကော်တက္ကသိုလ်မှ ဖမ်းဆီးထားသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၁၉၃)ဦးအား ပြန်လွှတ်ပေးခဲ့သည့် အခြေအနေနှင့်ပတ်သက်၍  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထုတ်ပြန်ပေးခဲ့သော်လည်း ပါမောက္ခချုပ် အပါအဝင် (၈) ဦးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ချက်မျိုးမရှိပေ။ 

လက်ရှိတွင် ပါမောက္ခချုပ် အပါအဝင် (၈) ဦးသည် ယနေ့(ဒီဇင်ဘာလ ၁ဝ ရက်) အထိ မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်နေသည့်အတွက် စိုးရိမ်ပူပန်နေကြောင်းလည်း  မိသားစုဝင်တစ်ဦးက NP News  ကို ပြော သည်။ 


"လွှတ်လိုက်ပြီလို့ သတင်းကြားလိုက်တဲ့အတွက် စုံစမ်းတော့ မ‌ရောက်လာဘူး။ တောင်ကြီးမှာလည်း မဟုတ်ဘူးလို့ သိရတယ်။ စစ်တပ်ဘက်ကိုလည်း မရောက်လာဘူးလို့ ပြောတယ်။ ကြားမှာ လူတွေက ပျောက်နေ တာထင်တယ်။ ဖုန်းတွေခေါ်တော့လည်း စက်ပိတ်ထားပါတယ်ပဲပြောတယ်။ အရမ်းစိတ်ပူနေရတယ်" ဟု မိသားစု ဝင်တစ်ဦးက NP News ကို ပြောသည်။

KNPP၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို (၁၁.၁၁ စစ်ဆင်ရေး) အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်စဉ်အချိန်တွင် လွိုင်ကော်တက္ကသိုလ် ၏ ပါမောက္ခချုပ်ဒေါက်တာ အောင်ခင်မြင့် အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းစုစုပေါင်း (၂ဝ၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟောင်ကောင်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားနေခြင်းကြောင့် ဝက်အကောင်ရေ ၉ဝဝ ကို သုတ်သင်ရှင်းလင်းဖို့ ပြင်ဆင်နေ

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved