လူသတ်မှုနဲ့ အခြားရည်ရွယ်ရှိရှိသတ်ဖြတ်မှု အမြင့်ဆုံးဖြစ်ပွားနေတဲ့နိုင်ငံများထဲစာရင်း မြန်မာနိုင်ငံပါဝင်လာ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁ဝ
မြန်မာနိုင်ငံဟာ ၂ဝ၂၁ ခုနှစ်အတွင်း လူသတ်မှု နဲ့ အခြားရည်ရွယ်ရှိရှိ သတ်ဖြတ်မှုအမြင့်ဆုံးဖြစ်ပွားနေတဲ့ နိုင်ငံတွေ ထဲမှာ ပါဝင်လာခဲ့ကြောင်း ကုလသမဂ္ဂရဲ့မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုများ လေ့လာချက်စစ်တမ်း(Global Study on Homicide ) က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လူသတ်မှုနဲ့ အခြားရည်ရွယ်ရှိရှိ သတ်ဖြတ်မှုကြောင့် လူပေါင်း ၄၅၈ဝဝဝ ဦး သေဆုံးခဲ့ပြီး၊ သေဆုံးသူတွေထဲမှာ ကလေငယ် ၁၉ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၂၁ ခုနှစ်အတွင်း လူသတ်မှုနှုန်းမြင့်တက်လာခြင်းဟာ COVID-19 ကပ်ရောဂါကာလပိတ်ဆို့မှုတွေနဲ့ စီးပွားရေးပြဿနာ ဖိအားတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်ကြောင်း UNODC က ဆိုပါတယ်။
ကမ္ဘာကြီးမှာ ၂ဝ၂၁ ခုနှစ်အတွင်း တစ်နာရီကို အနည်းဆုံး ပျှမ်းမျှ လူပေါင်း ၅၂ ဦး သေဆုံးခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အာရှတိုက်ရဲ့လူသတ်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၁ဝ စုနှစ်အတွင်း ကျဆင်းခဲ့ ပေမယ့်လည်း ၂ဝ၂၁ ခုနှစ်မှာ ရပ်တန့်သွားခဲ့ရပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူသတ်မှုနှုန်းတွေ မြင့်တက်လာ ခြင်းကြောင့်ဖြစ်တယ်လို့ UNODC က ဖော်ပြထားပါတယ်။
လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲကို သတ်မှတ်ရာမှာ လူပေါင်း ၁ သိန်းမှာ လူပေါင်း ၂၅ ဦးနဲ့ ၅၂ ဦးကြား အသတ်ခံရခြင်းကို လူသတ်မှုနှုန်းမြင့်တက်နေတဲ့နိုင်ငံအဖြစ်သတ်မှတ်ကြောင်း UNODC က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က တပ်မတော် အာဏာရယူပြီးနောက်ပိုင်း ခက်ခဲရှုပ်ထွေးမှုတွေကြောင့် တစ်နှစ်အတွင်း အနည်းဆုံး ၁၅ဝဝဝ အသတ်ခံရကြောင်း၊ အဆိုပါအသတ်ခံရတဲ့နှုန်းဟာ ယခင်ထက် ၁ဝ ဆနီးပါးမြင့်တက်လာခဲ့ ကြောင်း UNODC က ဖော်ပြထားပါတယ်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခြင်း၊ စီးပွားရေး မလုံခြုံမှုနဲ့အတူ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းဝယ်ယူမှုများကြောင့် သတ်ဖြတ်မှုနှုန်းတွေ ပိုမိုမြင့်တက်လာစေခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများရှိနေခြင်းဟာ နိုင်ငံမတည်ငြိမ်မှု နဲ့ အကြမ်းဖက်မှုဖြစ်ပွားခြင်းများ မြင့်တက်လာစေတဲ့အကြောင်းအရာတစ်ခုဖြစ်စေခဲ့ကြောင်း UNODC က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူထံမှ တစ်လလျှင် စက်သုံးဆီ မက်ထရစ်တန် (၅)သန်း တင်သွင်းလျက်ရှိပြီး ယခုလအတွင်း သင်္ဘော (၂၇) စင်းဖြင့် ထပ်မံတင်သွင်းရန် ညှိနှိုင်းပြီးဖြစ်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း