တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ရန်စတဲ့လုပ်ရပ်တွေကို ရပ်တန့်စေလိုကြောင်း ဖိလစ်ပိုင်အစိုးရ ဝေဖန်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁ဝ
ပြီးခဲ့တဲ့ရက်ပိုင်းက တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေဟာ ရန်စတဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
တရုတ်စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်တရုတ်ပင်လယ်အတွင်းရှိ Scarborough Shoal ကျွန်းနား မှာ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတွေအတွက် ထောက်ပံ့ရေးပစ္စည်း လာရောက်ပေးပို့တဲ့ ဖိလစ်ပိုင်စစ်သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ထိုးခဲ့ကြောင်း ဆိုပါတယ်။
ဖိလစ်ပိုင်အစိုးရရဲ့တောင်တရုတ်ပင်လယ်ဆိုင်ရာအဖွဲ့အစည်းက တရုတ်နိုင်ငံအနေနဲ့ ရန်စတဲ့လုပ်ရပ်တွေကို ရပ်တန့်စေလိုကြောင်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ အဆိုပါ Scarborough Shoal ကျွန်းဟာ ဖိလစ်ပိုင် နဲ့ တရုတ်နိုင်ငံကြား အငြင်းပွားနေတဲ့ ကျွန်းဖြစ်ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး MaryKay Carlson က တရုတ်နိုင်ငံရဲ့အပြုအမူတွေဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင်ပြည်သူတွေ ရှင်သန်နေထိုင်မှုတွေကို အန္တရာယ်ဖြစ်စေကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ဖိလစ်ပိုင်နိုင်ငံဘက်က ရပ်တည်ပြီး၊ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းအောင် ကူညီပေးသွားမယ်လို့ ပြောပါတယ်။ တရုတ်မီဒီယာတွေကတော့ တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ် ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံပိုင်နက်ဖြစ်တဲ့ Scarborough Shoal, ကျွန်းရေပိုင်နက်နားကို ကျူးကျော် ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောသုံးစင်းကို သင်လျော်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့တောင်တရုတ်ပင်လယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့က ဖိလစ်ပိုင်ကမ်းခြေစောင့်အဖွဲ့ဟာ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောတွေကို ပစ်မှတ်ထားပြီး၊ တိုက်ရိုက်တိုက်ခိုက်တာမျိုး လုပ်ဆောင်နေကြောင်း၊ အဲဒီလုပ်ဆောင်ချက် က အပြန်အလှန်ဆက်သွယ်ရေးတွေကို ထိခိုက်စေနိုင်ကြောင်း၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့ ပစ္စည်း တွေ သယ်ဆောင်လာတဲ့သင်္ဘောတွေကို တားဆီးခြင်းဟာ တရားမဝင်တဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ဝေဖန်ထားပါ တယ်။
တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်နယ်မြေအငြင်းပွားမှုများဖြစ်ပွားနေပြီး ပြီးခဲ့တဲ့လတွေကလည်း တရုတ်စစ်သင်္ဘောတွေဟာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့သင်္ဘောတွေကို သင်္ဘောအချင်းချင်း တိုက်တာမျိုးလုပ်ဆောင်ခဲ့ဖူးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူသတ်မှုနဲ့ အခြားရည်ရွယ်ရှိရှိသတ်ဖြတ်မှု အမြင့်ဆုံးဖြစ်ပွားနေတဲ့နိုင်ငံများထဲစာရင်း မြန်မာနိုင်ငံပါဝင်လာ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း