Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNPP ပူးပေါင်းအဖွဲ့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး(တောင်ဈေး) မီးရှို့ ဖျက်ဆီးခံခဲ့ရ

မြူနစ် (NSS) - ဒီဇင်ဘာ ၁ဝ

ကယားလက်နက်ကိုင် KNPP ပူးပေါင်းအဖွဲ့မှ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး) သည် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။


ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး(တောင်ဈေး) သည် ယမန်နေ့(ဒီဇင်ဘာ ၉ ရက်) ညပိုင်းတွင် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

“လွိုင်ကော်တောင်ဈေး မီးလောင်သွားတာ ဟုတ်တယ်။ တော်တော်လေး လောင်သွားတယ်။ သူတို့ (လက်နက်ကိုင်ပူးပေါင်းအဖွဲ့) ရှို့တာပဲလေ ထုံးစံအတိုင်းပေါ့။ ရှို့မီးပါ။ လက်နက်ကြီးကျတိုင်း မီးလောင်နေမယ်ဆိုရင် တစ်မြို့လုံး ကုန်နေပြီပေါ့” ဟု လွိုင်ကော်မြို့ခံက ပြောသည်။


လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး(တောင်ဈေး)ကို လက်နက်ကိုင်ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအချို့ ပြောဆိုထားသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါဈေးသည် ယမန်နေ့ ညပိုင်းမှစတင်ကာ မီးလောင်နေခြင်းဖြစ်ပြီး ယနေ့(ဒီဇင်ဘာ ၁ဝ ရက်) အထိ ဈေးအတွင်း၌ ဆက်လက်မီးလောင်နေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း၌ KNPP၊ PDF ပူးပေါင်းလက်နက်ကိုင်အဖွဲ့သည် သီရိမင်္ဂလာဈေး(တောင်ဈေး)ရှိ ဒေသခံ ပြည်သူများကို ဈေးအတွင်းမှ ထွက်ခွာသွားရန် သတိပေးပြောဆိုမှုများရှိခဲ့ကြောင်း လွိုင်ကော်မြို့ခံများက ဆိုသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် သီရိမင်္ဂလာဈေးအား Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဈေးတစ်ခုလုံး မီး လောင်ခဲ့ခြင်းဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ညနေပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။               

KNPP၊ PDF ပူးပေါင်းအဖွဲ့သည် ယမန်နေ့တွင်လည်း လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့ကတော့ ပြည်နယ်ရဲရုံး ပေးလိုက်ရတယ်။ အရပ်ဝတ်ယောင်ဆောင်ပြီးတော့မှ သူတို့တွေ ကပ်ပြီး တိုက်သွား တာပေါ့။ ရဲရုံးထဲကို ဝင်ပြီးတော့ ပြန်ဆုတ်သွားတယ်။ လွိုင်ကော်တက္ကသိုလ်ဘက်ကို ပြန်ဆုတ်သွားတယ်။ သူတို့ ဘက်ကလည်း အကျအဆုံးတော်တော်များတယ်” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

KNPP၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ (၁၁.၁၁ စစ်ဆင်ရေး) အမည်ဖြင့် လွိုင်ကော်မြို့အား မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့သည်။

ထိုသို့တိုက်ပွဲဖော်ဆောင်မှုသည် တစ်လနီးပါးကြာမြင့်လာခဲ့ပြီး လက်ရှိတွင် လွိုင်ကော်မြို့ပေါ်၌ အရပ်သား အဆောက်အအုံ၊ ဌာနဆိုင်ရာအဆောက်အအုံများမှာ ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်နေလျက်ရှိသည်။

တိုက်ပွဲများကြောင့် လွိုင်ကော်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သောရက်ပိုင်းအတွင်း၌ ပြောဆိုခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ရန်စတဲ့လုပ်ရပ်တွေကို ရပ်တန့်စေလိုကြောင်း ဖိလစ်ပိုင်အစိုးရ ဝေဖန်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved