(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား စာဖြေသံဃာ ၂၅၀ ပါး ဝင်ရောက်ဖြေဆို
ကျော်(NSS) - ဒီဇင်ဘာ ၉
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ကျင်းပသည့် (၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား စာဖြေသံဃာ၂၅၀ ပါးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ ယနေ့ (ဒီဇင် ဘာလ ၉ ရက်)မှစတင်၍ ရင်ပြင်တော် မြောက်ဘက်မုခ်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပလျက်ရှိသည်။
ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရေးအတွက် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိခြင်းဖြစ်သည်။
ယနေ့စတင်ကျင်းပသည့် (၁၀၅)ကြိမ်မြောက် စာမေးပွဲအား သီးခြားစာချတန်းမှ ၃၈ ပါး၊ သီးခြားစာသင်တန်းမှ ၂၁၂ ပါး(စုစုပေါင်း ၂၅၀ ပါး)တို့က ဒီဇင်ဘာလ ၁၅ ရက်အထိ ဝင်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင်လည်း သီးခြားစာသင်တန်းမှသံဃာတော်(၁၉၁)ပါးက အာဂုံပြန်ဖြေဆိုကြမည်ဖြစ်ပြီး ၎င်းတို့၏ အောင်စာရင်းအား မနက်ဖြန် (ဒီဇင်ဘာလ ၁၀ ရက်)တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သီးခြားစာသင်တန်းနှင့်သီးခြားစာချတန်းသဘောရေးဖြေစာမေးပွဲများအား ဒီဇင်ဘာလ ၁၁ ရက်မှ ၁၅ ရက်အထိဖြေဆိုရမည်ဖြစ်ပြီး အောင် စာရင်းကို ဒီဇင်ဘာလ ၁၇ ရက်တွင်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက် ၆ နှစ်အရွယ် အမေရိကန်ကလေးငယ် High IQ society မှာ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်လာ
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း