အသက် ၆ နှစ်အရွယ် အမေရိကန်ကလေးငယ် High IQ society မှာ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်လာ
ရောင်နီ (NSS) - ဒီဇင်ဘာ ၉
အမေရိကန်၊ နယူးဂျာဆီပြည်နယ်မှ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် ဒက်ကလင်လိုပက်ဇ်ဟာ သူမရဲ့ ဉာဏ်ရည်မြင့်မားမှုကြောင့် High IQ society ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ဒက်ကလင်ဟာ အခြား ၆ နှစ်အရွယ် ကလေးတွေလိုပဲ ယူနီကွန်းတွေကို စိတ်ကူးယဉ်တတ်သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ၁၈ လသားအရွယ်ကတည်းက မန်ဒရင်းဘာသာစကားကို စတင်ပြောဆိုနိုင်ခဲ့ပြီး The Wechsler Preschool and Primary Scale of Intelligence ရဲ့ သိမြင်မှုဆိုင်ရာ တိုင်းတာချက်အရ သူမရဲ့ IQ ဟာ 137 ထိ ရှိတယ်လို့ သိရပါတယ်။ သူမရဲ့ဉာဏ်ရည်ထက်မြက်မှုဟာ လသားအရွယ်ကတည်းက မိဘတွေကို အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။
သူမရဲ့ မိဘတွေက သူမကျောင်းဆင်းတာနဲ့ သင်ယူမှုတွေ ဆက်တိုက်လုပ်စေခဲ့ပြီး သူမဟာလည်း lesson တွေကို သင်ယူဖို့ မိနစ် ၂၀ မှ ၆၀ သာ အချိန်ယူရတယ်လို့ သိရပါတယ်။
သူမအကြိုက်ဆုံး ဘာသာရပ်ကတော့ သိပ္ပံဘာသာရပ်ဖြစ်ပြီး ဘောလုံးနဲ့ ကရာတေးဆော့တာကတော့ သူမရဲ့ အကြိုက်ဆုံး ဝါသနာတွေပါပဲ။ အခုဆိုရင်တော့ သူမဟာ ကမ္ဘာ့ဉာဏ်အကောင်းဆုံး High IQ society မှ အငယ်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရှိ စစ်ဆေးရေးဂိတ်(၂)ခုတွင် မြန်မာနိုင်ငံသား(၁၃)ဦး ဖမ်းဆီးခံခဲ့ရ
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ