မြန်မာအကျဉ်းသူများ သင့်လျော်သည့်ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဆွေးနွေးခဲ့
ကျော် (NSS) - ဒီဇင်ဘာ ၈
ချင်းမိုင်မြို့ရှိ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော် သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းမှ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းသည် ဒီဇင်ဘာ ၇ ရက်က ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းသို့ သွားရောက်၍ အကျဥ်းကျခံနေရသည့် မြန်မာအကျဥ်းသူများ၊ ထိုင်းအကျဥ်းသူများအား တွေ့ဆုံခဲ့သည်။
ထို့ပြင် အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း၏ ညွှန်ကြားရေးမှူး Mrs. Sununta Kongpakpian နှင့်တွေ့ဆုံ၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများနှင့်ဆက်သွယ်ခွင့်ရရှိရေး၊ ကောင်စစ်ရေးရာ ဆက်သွယ် ဆောင်ရွက်ခွင့်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှုရရှိရေး၊ လူမှုဖူလုံရေးနှင့်သက်သာချောင်ချိရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူ(၄ဝ)ဦး နှင့် ခရစ်ယာန်ဘာသာဝင် ထိုင်းအကျဉ်းသူ (၃ဝ)ဦးတို့အား တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ထို့ပြင် အကျဥ်းသူများအား တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ အသင့်စားအစားအစာများ၊ နေ့လယ်စာ ထမင်း ဘူးများကို လှူဒါန်းပေးခဲ့ပြီး အကျဉ်းကျခံစဉ် မီးဖွားခဲ့သည့် မိခင်များနှင့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး နှင့် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများ၊ ချင်းမိုင်မြို့၌ မြန်မာနိုင်ငံ သားများဖွဲ့စည်းတည်ထောင်ထားသည့် ပရဟိတအသင်းများက ပူး ပေါင်းထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်ကလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ဦးစိုးကိုကိုသည် မလေးရှား နိုင်ငံရှိ Sungai Buloh အကျဥ်းထောင်နှင့် Taiping အကျဥ်းထောင်တို့၌ အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသား (၄)ဦးကို သွားရောက်တွေ့ဆုံကာ အကျဥ်းသားများ၏ အမှုများအယူခံဝင်နိုင်မှုကိုမေးမြန်း၍ ကူညီမှုများပြုလုပ်ပေး ခဲ့သည်။
ထို့ပြင် သံအမတ်ဦးစိုးကိုကိုသည် Joru ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၅၁)ဦးအား မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီအတွင်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က လုပ်ဆောင်နေသောတိုက်ခိုက်မှုများတွင် အီရန် ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ