မြဝတီမြို့မရဲစခန်းဝင်းအတွင်း Drop Bomb (၂)လုံး ထပ်မံကျရောက်ပေါက်ကွဲ
ကျော် (NSS) - ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီမြို့မရဲစခန်းမှာ ယမန်နေ့ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက Drop Bomb (၂)လုံး ထပ်မံကျရောက် ပေါက်ကွဲခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ယမန်နေ့ ညနေ ၄ နာရီ ၃ဝ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ မြဝတီမြို့ရှိ မြဝတီ မြို့မရဲစခန်းဝင်းအတွင်းသို့ Drop Bomb (၂)လုံးအား ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"Drop Bomb ပေါက်ကွဲတယ် ထိခိုက်ဒဏ်ရာရတာနဲ့သေဆုံးတာမရှိပါဘူး။ လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေ လုပ်နေပါတယ်" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
Drop Bomb (၂) လုံးသည် မြဝတီမြို့မရဲစခန်းဝင်းအတွင်း၌ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့မရဲစခန်း၌ ယမန်နေ့ ညနေပိုင်းက Drop Bomb ကျရောက်ပေါက်ကွဲမှုသည် တတိယအကြိမ်ဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်ညပိုင်းကလည်း Drop Bomb (၃)လုံး ကျရောက်ပေါက်ကွဲခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၃ ရက်ကလည်း Drop Bomb ပေါက်ကွဲမှုကြောင့် တာဝန်ရှိသူများ အပါအဝင် ၆ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဆည်၌ ဆီသယ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ 92၊ 95 ဆီဂါလံပေါင်း (၈ဝဝဝ) မီးလောင်ဆုံးရှုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ