မလေးရှားရှိ မိုးပျံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ်သားတစ်ဦး ပြုတ်ကျသေဆုံး
စော (NSS) - ဒီဇင်ဘာ ၇
မလေးရှားနိုင်ငံရှိ မိုးပျံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ် သားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံမှ သိရသည်။
ထို့သို့ ပြုတ်ကျသေဆုံးခဲ့သည့် အမျိုးသားသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် နေထိုင်သည့် ကိုစည်သူဟိန်း (၂၃)နှစ်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
ကိုစည်သူဟိန်းသည် ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်တွင် မိုးပျံတံတားရှိသံချောင်းများအား ဝရိန်ဆော်နေစဉ် မတော်တဆဖြစ်ကာ ဆောက်လက်စ တံတားပေါ်မှ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြုတ်ကျခဲ့ပြီးနောက် ကွာလာလမ်ပူမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း ဆုံးပါးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က အသိပေးထားသည်။
ကိုစည်သူဟိန်း၏ ရုပ်အလောင်းအား လာမည့် ဒီဇင်ဘာလ ၁၀ ရက်တွင် ကွာလာလမ်ပူမြို့၊ ချဲရပ်သုဿန်ဂျလန်ကွာလီ၌ မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
မိုးပျံတံတားပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော ကိုစည်သူဟိန်းသည် ပဲခူးတိုင်း၊ ဇောင်းတူမြို့နယ်၊ ဇီးတောကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် အကြမ်းဖက်သတ်ဖြတ်ခံရမှု အပါအဝင် ထိခိုက်သေဆုံးခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့ငွေပေးရန် စီစဥ်သွားမည်
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း