Panera မှ ကဖင်းဓာတ်ပါဝင်တဲ့ လင်မနိတ်ကို သောက်မိခြင်းကြောင့် လူတစ်ဦး သေဆုံး
ရောင်နီ (NSS) - ဒီဇင်ဘာ ၆
အမေရိကန်မှာ ကဖင်းဓာတ်ပါတဲ့ လင်မနိတ်ကို သောက်သုံးပြီးနောက် လူတစ်ဦးသေဆုံးခဲ့ခြင်းကြောင့် Panera Bread store တရားစွဲခံခဲ့ရပါတယ်။
သေဆုံးသူကတော့ ဒန်းနစ်ဘရောင်း အမည်ရှိ ခရိုမိုဆုန်းချို့ယွင်းမှုရောဂါ၊ ADHD နဲ့ သွေးတိုးရောဂါရှိ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းရဲ့ဖြစ်ရပ်ကို ၎င်းရဲ့ညီအစ်ကိုမောင်နှမတွေက တိုင်ချက်ဖွင့်ခဲ့ခြင်း ဖြစ်ပါ တယ်။ Panera ရဲ့ Loyal customer တစ်ဦးဖြစ်တဲ့ ဒန်းနစ်ဟာ မူးဝေပြီး အမြင်အာရုံဝေဝါးခြင်းကြောင့် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ အစောပိုင်းက ကဖင်းဓာတ်ပါဝင်တဲ့ လင်မနစ်ကို မှာယူ သောက်သုံးခဲ့ပါတယ်။ အဲဒီနောက် နေအိမ်ကို လမ်းလျှောက်ပြန်လာစဉ် နှလုံးရောဂါဝေဒနာ ခံစားခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Panera က ၎င်းရဲ့အချိုရည်ထဲမှာ ကဖိန်းပြောင်းလဲခြင်း ရှိ/မရှိ မှတ်ချက်ပေးဖို့ အင်္ဂါနေ့(ဒီဇင်ဘာ ၅ ရက်) က ငြင်းဆိုခဲ့ပေမယ့် ၎င်းရဲ့လင်မနိတ် ၂ဝ အောင်စမှာ ကဖိန်းဓာတ် ၂၆ဝ မီလီဂရမ် ပါဝင်တာကို စုံစမ်းစစ်ဆးရေး တွေက တွေ့ရှိခဲ့ပါတယ်။ ၎င်းရဲ့ 30-oz ခွက်နဲ့ လင်မနိတ်တစ်ခွက်မှာ ကဖင်း ၃၉ဝ မီလီဂရမ်ခန့် ပါဝင်တယ်လို့ သိရပါတယ်။
Panera ဝက်ဘ်ဆိုဒ်မှ ဖော်ပြချက်အရ အဖျော်ယမကာတွေမှ ကဖိန်းဓာတ် ပါဝင်မှု ၂၈ဝ မီလီဂရမ်ပမာဏဟာ ကလေးများ၊ ကဖိန်းဓာတ် ထိလွယ်ရှလွယ်သူများ၊ ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်များအတွက် သောက်သုံးဖို့ မသင့်လို့ ကျန်းမာရေးဌာနက အကြံပြုထားတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YG Entertainment နဲ့ Blackpink အဖွဲ့ စာချုပ်သက်တမ်းတိုး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ