ထိုင်းနိုင်ငံရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏ ရုံးပိတ်ရက်ကို ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာ
စော (NSS) - ဒီဇင်ဘာ ၆
ထိုင်းနိုင်ငံရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏ ရုံးပိတ်ရက်ကို ပြောင်းလဲသတ်မှတ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ယနေ့(ဒီဇင်ဘာ ၆ ရက်) တွင် အသိပေးကြေညာထားသည်။
ထိုင်းနိုင်ငံ၊ စမုစာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက် အလက်ကောက်ယူရေးဌာနခွဲ (TDCC) ရုံး၏ ရုံးပိတ်ရက်ကို အပတ်စဉ် တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ ရုံးပိတ်ရက်အဖြစ် တနင်္လာနေ့အား ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် (ဒီဇင်ဘာ ၁ဝ ရက်) တွင် TDCC ရုံးဖွင့်လှစ်မည်ဖြစ်ကာ (ဒီဇင်ဘာ ၁၁ ရက်)တွင် ရုံးပိတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ကြောင့် အပတ်စဉ် တနင်္လာနေ့တိုင်း၌ ရုံးပိတ်မည်ဖြစ်ကြောင်း အလုပ်သမားသံအရာရရှိရုံးမှ အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား သန်းချီရှိနေပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလုပ်ငန်းစဉ်များတွင် အခက်အခဲဖြစ်ပေါ်မှုများရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားများ ပါဝင်ဆက်နွယ်နေသည့် လူ့ခန္ဓာကိုယ်အတွင်းရှိ ကျောက်ကပ်အရောင်းအဝယ်ကိစ္စများကို စုံစမ်းစစ်ဆေးမည်ဟု အိန္ဒိယအစိုးရပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း