မြို့ပြအင်ဂျင်နီယာဌာန၌ လစ်လပ်နေသော ရာထူးနေရာ (၆၀)နီးပါးအတွက် ဝန်ထမ်းများ ခေါ်ယူနေ
စော (NSS) - ဒီဇင်ဘာ ၆
မြို့ပြအင်ဂျင်နီယာဌာန၌ လစ်လပ်နေသော ရာထူးနေရာ (၆၀)နီးပါးအတွက် ဝန်ထမ်းများ ခေါ်ယူနေကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာဌာနက ယနေ့(ဒီဇင်ဘာလ ၆ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြို့ပြအင်ဂျင်နီယာဌာနတွင် အငယ်စာရေးရာထူးအတွက် (၁၅)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး ဘွဲ့ရရှိပြီးသူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဒုလက်ထောက်ကြီးကြပ်ရေးမှူး (လုပ်ငန်း)အတွက် (၂၄)ဦးနှင့် အငယ်တန်းအင်ဂျင်နီယာ(၄)အတွက် (၂၀)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး AGTI(Civil)/ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာများကို (ဒီဇင်ဘာလ ၂၉ ရက်)တွင် နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အငယ်တန်းစာရေးရာထူးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ ဒုလက်ထောက်ကြီးကြပ်ရေးမှူးရာထူးအတွက် ဇန်နဝါရီလ ၈ ရက်နှင့် အငယ်တန်းအင်ဂျင် နီယာရာထူးအတွက် ဇန်နဝါရီလ ၁၅ ရက်တို့တွင် နေပြည်တော်၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ မြို့ပြင်အင်ဂျင်နီယာဌာန၌ ရုံးချိန်အတွင်း ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းတို့အား မြန်မာ့မီရထားရုံးချုပ် တည်ရှိရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီး၌ ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဌာနက တိုက်ရိုက်အကြောင်း ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါင်းတည်မြို့နယ်၌ PDF အဖွဲ့က အမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပေါ်၌ ခေါင်းဖြတ်သတ်မှုဖြစ်ပွား
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း