မလေးရှားအကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား (၄)ဦး အယူခံဝင်နိုင်ရေးကူညီပေးရန် မြန်မာသံရုံးသွားရောက်မေတ္တာရပ်ခံ
Pearl (NSS) - ဒီဇင်ဘာ ၆
မလေးရှားအကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား (၄)ဦး အယူခံဝင်နိုင်ရေးကူညီပေးရန် သွားရောက်မေတ္တာရပ်ခံခဲ့ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာသံရုံး၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁)ရက်တွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ် ဦးစိုးကိုကိုသည် Selangor ပြည်နယ်ရှိ Sungai Buloh အကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသား (၃)ဦးအား သွား ရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၄)ရက်၊ နံနက်ပိုင်းတွင်လည်း Perak ပြည်နယ် Taiping အကျဉ်းထောင်မှ မြန်မာနိုင်ငံသား (၁)ဦးအား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်တွေ့ဆုံစဉ် အမှုအယူခံဝင်နိုင်မှု အခြေအနေနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံသားများအား စောင့်ရှောက်ပေးရေးနှင့် အယူခံဝင်နိုင်ရေးအတွက် ကူညီပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ (၄)ရက်၊ နေ့လည်ပိုင်းတွင် Penang ပြည်နယ်ရှိ Joru ထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၅၁) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက်တွေ့ဆုံ၍ ကောင်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ကွာလာလမ်ပူမြို့အခြေ စိုက် မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ဖက်ကာကျေးရွာ၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း