မင်္ဂလာပွဲကျင်းပနေသည့်နေအိမ်အတွင်းသို့ PDF အဖွဲ့က ပစ်ခတ်သော Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦး သေဆုံးကာ (၁၃)ဦးထိခိုက်ဒဏ်ရာရ
NSS - ဒီဇင်ဘာ ၆
ရွှေဘိုမြို့နယ်တွင် မင်္ဂလာပွဲကျင်းပနေသည့်နေအိမ်အတွင်းသို့ PDF အဖွဲ့က ပစ်ခတ်သော Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦးသေဆုံးကာ (၁၃)ဦးထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(ဒီဇင်ဘာလ ၄ ရက်)၊ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာရှိ ဦးလင်းမောင်၏နေအိမ်တွင် မင်္ဂလာဆောင်ပွဲကျင်းပပြုလုပ်နေစဉ် PDF အဖွဲ့က ပန်းရံကျေးရွာတောင်ဘက် (မီတာ ၃၀၀၀) ခန့်အကွာရှိ ကျောက်မြင့်ကျေးရွာဘက်မှနေ၍ အဆိုပါမင်္ဂလာဆောင်အား Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် မင်္ဂလာဆောင်သို့ ရောက်ရှိနေသူများအနက် အမျိုးသမီး(၂)ဦးသည် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အသက်(၇)နှစ်အရွယ်ကလေးငယ်(၂)ဦးအပါအဝင် လူ(၁၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖြစ်စဉ်အတွင်းသေဆုံးသူများနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၁၀၀၀၀ ကျော်ခိုလှုံနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း