လယ်ဝေးမြို့နယ်ရှိ ရေသန့်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဒီဇင်ဘာ ၅
နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ရေသန့်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် (၁၀)နာရီအချိန်တွင် လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာရှိ ရေသန့်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပျဉ်မနားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါမီးလောင်မှုအား မီးသတ်တပ်ဖွဲ့များမှ Level 2 အဆင့်ဖြင့် တစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၁)နာရီအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“မီးလောင်မှုအကြောင်းအရင်းကိုတော့ သူတို့ရှာဖွေနေဆဲပဲရှိသေးတယ်။ ရေသန့်စက်ရုံနဲ့ အရက်ချက်စက်ရုံအဟောင်းလို့ ပတ်ဝန်းကျင်ကပြောကြတယ်။ လက်ရှိတော့ ရေသန့်လုပ်ငန်းလည်ပတ်နေတယ်။ စက်ရုံဆိုတော့ မီးကများတယ်။ ပလစ်စတစ်တွေရောဆိုတော့ လောင်စာများတာပေါ့။ စက်ရုံရဲ့ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်”ဟု ပျဉ်မနားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးလောင်မှုကြောင့် မီးသတ်ဝန်ထမ်းတစ်ဦး နှင့် စက်ရုံအလုပ်သမား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက်ရုံအလုပ်သမားသည် မီးလောင်ဒဏ်ရာရရှိခဲ့သဖြင့် စိုးရိမ်ရကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော် ခုတင် (၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုဝင်ဘာလအတွင်းက ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် (၂)သိန်းနီးပါးတင်ပို့ထားပြီး ယခင်လထက် တန်ချိန်(၅)သောင်းကျော်ပိုမို တင်ပို့နိုင်ခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ