ဆော်ဒီအာရေဗျကို အမေရိကန်ဒေါ်လာ သန်း ၆ဝဝ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချဖို့ အမေရိကန်အစိုးရ ခွင့်ပြု
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၅
အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ ဆော်ဒီအာရေဗျ နိုင်ငံကို အမေရိကန်ဒေါ်လာ ၅၈၂ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးဖို့ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးဟာ ဆော်ဒီအာရေဗျနိုင်ငံကို AN/TPQ-50 Radar အပါအဝင် ထောက်လှမ်းရေးဆိုင်ရာပစ္စည်းများ ရောင်းချပေးဖို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက ဆော်ဒီအာဗျအစိုးရဟာ အမေရိကန်နိုင်ငံထုတ် Seven Embedded Global Positioning System/Inertial Navigation System (GPS/INS) (EGI) စနစ်၊ Selective Availability Anti-Spoofing Module (SAASM)စနစ်၊ L3Harris BlackRock Communications Intelligence Sensor Suites စနစ် နဲ့ Airborne, စနစ်တွေ ရောင်းချပေးဖို့ ကမ်းလှမ်းတောင်းဆိုခဲ့ကြောင်း ဆိုပါတယ်။
အမေရိကန်အစိုးရက "ဒေသအတွင်း ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ထောက်လှမ်း ရေးကို ပိုမိုကောင်းမွန်စေဖို့ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေဗျနိုင်ငံကို ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသအတွင်းရှိ မဟာမိတ်နိုင်ငံတွေနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ အဲဒီထောက်လှမ်းရေးစနစ်တွေကို အသုံးချပြီး ဒေသအတွင်း လုံခြုံရေးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာပါ" လို့ ပြောပါတယ်။
ဆော်ဒီအာရေဗျအနေနဲ့ အဲဒီစနစ်တွေကို ဆော်ဒီအာရေဗျစစ်တပ်အတွင်း အသုံးချဖို့ ခက်ခဲမှမဟုတ်ကြောင်း၊ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောပါတယ်။ ဆော်ဒီအာရေဗျ နဲ့ အမေရိကန်နိုင်ငံတို့ဟာ နှစ်ပေါင်း ၈ဝ ကျော်ကြာ သံတမန်ဆက်ဆံရေးရှိနေတဲ့နိုင်ငံတွေဖြစ်ပြီး နှစ်နိုင်ငံစလုံးဟာ ပင်လယ်ကွေ့ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွကြိုးစားလုပ်ကိုင်သွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရ က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လယ်ဝေးမြို့နယ်ရှိ ရေသန့်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း