Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လောက်ကိုင်မြို့ လေးမျက်နှာဘုရားအနီးတစ်ဝိုက်၌ တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ

မြူနစ် (NSS) - ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ လေးမျက်နှာဘုရားအနီးတစ်ဝိုက်တွင် တပ်မတော် နှင့် MNDAA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။


ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ တုန်ချိန်ဒေသ၊ လေးမျက်နှာဘုရားအနီးရှိ တပ်မတော်၏ စခန်းကုန်းကို ပြီးခဲ့သော ရက်ပိုင်းအတွင်းမှစတင်ကာ လာရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက်ပိုင်းမှ စတင်ကာ နှစ်ဖက်အကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း လောက်ကိုင်မြို့ခံတစ်ဦးက NSS ကို ပြောသည်။

“ဒီနေ့ မိုးလင်းတာနဲ့ အခုချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မရပ်မနားပစ်နေကြတယ်။ တော်တော်လေးကို ပြင်းထန်တယ်။ လောက်ကိုင်မြို့ထဲကိုတော့ ဝင်လာနိုင်တာ မရှိသေးဘူး။ အိမ်ကနေကြည့်လိုက်ရင် အဲဒီလေးမျက်နှာဘုရားနားမှာ မီးခိုးငွေ့တွေ အများကြီးပဲ” ဟု လောက်ကိုင်မြို့ခံက ဆက်လက်ပြောသည်။

MNDAA ပူးပေါင်းအဖွဲ့သည် ယမန်နေ့(ဒီဇင်ဘာလ ၄ ရက်)တွင်လည်း အင်အားအလုံးအရင်းဖြင့် လေးမျက်နှာဘုရားအနီးရှိ တပ်မတော်စခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

“အဲဒီနားမှာ တိုက်ပွဲက ပြင်းထန်နေတုန်းပေါ့။ အရင်ရက်တွေကလည်း အဲဒီနားမှာပဲ ဖြစ်နေတာလေ။ တော်တော်လေးလည်း ကြာနေပြီ။ တပ်မတော်ဘက်ကတော့ လေယာဉ်တွေနဲ့ မကြာခဏဆိုသလို လာပစ်နေတာရှိတယ်။ မနေ့က လာပစ်တာပဲ။ ဒီနေ့လည်း တိုက်လေယာဉ်တွေနဲ့ (၃)ကြိမ်လောက်ရှိသွားပြီ။ အခု(၃)နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်လို့ ပစ်ခတ်သံတွေ ပြန်ငြိမ်သွားတယ်”ဟု လောက်ကိုင်မြို့ခံက ထပ်မံပြောသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ လောက်ကိုင်မြို့၊ လေးမျက်နှာဘုရားအနီးတွင် Drop ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။

MNDAA၊ TNLA၊ AA ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်လုံခြုံရေးစခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

လက်ရှိတွင်လည်း MNDAA ပူးပေါင်းအဖွဲ့၏ (၁၀၂၇ စစ်ဆင်ရေး)သည် လောက်ကိုင်မြို့ကို ဦးတည်လျက်ရှိပြီး မြို့နှင့်အနီးတစ်ဝိုက်တွင် ပြင်းထန်နေဆဲဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် လောက်ကိုင်မြို့၌ လာရောက်အလုပ်လုပ်ကိုင်သူများအပါအဝင် မြို့ခံပြည်သူများအစုသည် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရလျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆော်ဒီအာရေဗျကို အမေရိကန်ဒေါ်လာ သန်း ၆ဝဝ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချဖို့ အမေရိကန်အစိုးရ ခွင့်ပြု

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved