အစ္စရေးက လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာစစ်စခန်းများနဲ့ စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၅
အစ္စရေးဟာ လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအုပ်စုရဲ့စစ်ရေးအဆောက်အဦးတွေ၊ အခြေခံအဆောက်အဦးတွေနဲ့ စစ်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်ဟာ ၎င်းနိုင်ငံထဲကို အမြှောက်ကျည်ဆံများ ကျရောက်ခဲ့ပြီးနောက် တိုက်လေယာဉ်များ အသုံးပြု ကာ ဟစ်ဘိုလာအုပ်စုရဲ့စစ်ရေးအဆောက်အဦးတွေ၊ အခြေခံအဆောက်အဦးတွေနဲ့ စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးစစ်တပ်က "လက်ဘနွန်နိုင်ငံကနေ အစ္စရေးနိုင်ငံဘက်ခြမ်းကို အမြှောက်ကျည်ဆံတွေ ကျရောက်ခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ဟစ်ဘိုလာအုပ်စုရဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေ၊ စစ်ရေး အဆောက်အဦးတွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်။ လက်ဘနွန်နိုင်ငံဘက်ခြမ်းကနေ အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ကျည်ဆံတွေကျရောက်ခဲ့တယ်။ အဲဒီအတွက်ကြောင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲစတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေး နိုင်ငံကို ပစ်မှတ်ထားပြီး အမြှောက်တွေ၊ ရော့ကဒ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဟစ်ဘိုလာအုပ်စုက ၎င်းတို့ဟာ ဒီဇင်ဘာ ၄ ရက်က လက်ဘနွန်-အစ္စရေးနယ်စပ်ရှိ အစ္စရေးစစ် အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ဟာ နယ်စပ်ဒေသတစ်လျှောက်ရှိ အစ္စရေးစစ်စခန်း ၁၁ ခုကို တိုက်ခိုက်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ ဟစ်ဘိုလာအုပ်စုကို စစ်ပွဲထဲ တိုက်ရိုက်ပါဝင်လာတာမျိုးမလုပ်ဖို့ အစောပိုင်းကတည်း က ကြိုတင်သတိပေးခဲ့ပေမယ့် ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးကို ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင်မြို့ လေးမျက်နှာဘုရားအနီးတစ်ဝိုက်၌ တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း