နိုင်ငံကူးလက်မှတ်အတွက် ရက်ချိန်းယူခြင်းစနစ်ကို ပြောင်းလဲမည်ဟု ကိုရီးယားရှိမြန်မာသံရုံးကြေညာ
ယွန်း (NSS) - ဒီဇင်ဘာ ၅
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်အတွက် ရက်ချိန်းယူခြင်းကို ဒီဇင်ဘာလ(၂၇)ရက်မှစ၍ လူကိုယ်တိုင်လာရောက်ရယူခြင်းဖြင့် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ကိုရီးယားရှိ မြန်မာသံရုံးက ကြေညာထားသည်။
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့(ဒီဇင်ဘာလ ၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ကြိုတင်ရက်ချိန်းယူခြင်းကို ပိုမိုထိရောက်စေရန် လာမည့် ဒီဇင်ဘာလ (၂၇) ရက်မှစ၍ လူကိုယ်တိုင်သံရုံးသို့ လာရောက်ရက်ချိန်းယူသည့်စနစ်ကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။
သံရုံးအနေဖြင့် ယခင်ကရက်ချိန်းရယူမှုများကို ဖုန်းဖြင့်သာဆောင်ရွက်ပေးလျက်ရှိပြီး ဖုန်းဖြင့် ရက်ချိန်းရယူခြင်းကို ဒီဇင်ဘာလ(၆)ရက်အထိသာ လက်ခံပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်သူကိုယ်တိုင် နိုင်ငံကူးလက်မှတ်စာအုပ် အပါအဝင် ID Card မူရင်းတို့နှင့်အတူ လာရောက်ရန်လိုပြီး စာအုပ်ပါ ဓာတ်ပုံနှင့် ပြုလုပ်မည့်သူတို့ကို တိုက်ဆိုင်စိစစ်ပြီးမှသာ ရက်ချိန်းတံဆိပ်နှိပ်ပေးမည်ဖြစ်သည့်အတွက် ကိုယ်တိုင်လာရောက်ရန် သံရုံးမှဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၁၀၀၀၀ ကျော်ခိုလှုံနေ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း