Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ပွဲတွင် အနိုင်မရသော်လည်း ယူကရိန်းဘက်မှ ဆက်ရပ်တည်ပေးရန် နေတိုးအဖွဲ့အကြီးအကဲ တိုက်တွန်း တောင်းဆို

Pika (NSS) - ဒီဇင်ဘာ ၄

ယူကရိန်းစစ်တပ်သည် ပြီးခဲ့သည့်လများအတွင်း စစ်မြေပြင်တွင် အောင်မြင်မှုများမရရှိခဲ့သော်လည်း အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းနိုင်ငံအတွက် ရပ်တည်ပေးသင့်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုလ်တန်ဘာ့ချ်က ပြောကြားခဲ့သည်။

ထို့အပြင် နေတိုးအဖွဲ့သည် ယူကရိန်းလိုအပ်သော ခဲယမ်းမီးကျည်များကို ထောက်ပံ့ပေးရန်အတွက် ကာကွယ်ရေး စက်မှုလုပ်ငန်းများ တည်ထောင်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ဂျန်စတိုလ်တန်ဘာ့ချ်က ပြောခဲ့သည်။ ရုရှားသည် လာမည့်ဆောင်းရာသီတွင် ယူကရိန်းကို တိုက်ခိုက်ရန်အတွက် ဒုံးကျည်များ စုဆောင်းသိုလှောင်နေကြောင်း ယခု သီတင်းပတ်အစောပိုင်းတွင် ဂျန်စတိုလ်တန်ဘာ့ချ်က သတိပေးပြောဆိုခဲ့သည်။

ထို့အပြင် ယူကရိန်းရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ပြောင်းလဲမှုများမရှိသေးကြောင်း ဂျန်စတိုလ်တန်ဘာ့ချ်က အသိအမှတ်ပြုပြောဆိုခဲ့ပြီး စစ်ပွဲများသည် အစီအစဉ်ဆွဲရန် ခက်ခဲကြောင်း ထပ်မံပြောဆိုခဲ့သည်။ 


ဂျန်စတိုလ်တန်ဘာ့ချ် က "သတင်းဆိုးတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားသင့်ပါတယ်။ စစ်ပွဲက ဆက်လက် ဖြစ်ပွားနေပြီး ကျွန်တော်တို့ဟာ ကောင်းတဲ့အချိန်ဖြစ်ဖြစ် ဆိုးတဲ့အချိန်ဖြစ်ဖြစ် ယူကရိန်းနဲ့အတူ ရပ်တည်သင့်ပါတယ်။ ပြီးတော့ ခဲယမ်းမီးကျည်ထုတ်လုပ်မှုကိုမြှင့်တင်ခြင်းဟာ စစ်ပွဲအဆုံးအဖြတ်အတွက် အလွန်အရေးကြီးပါ တယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ရုရှားသည် လာမည့်ဆောင်းရာသီတွင် ယူကရိန်း၏ ဓါတ်အားလိုင်းများနှင့် စွမ်းအင်အခြေခံအဆောက် အဦးများအပေါ် တိုက်ခိုက်ရန် ကြိုးပမ်းမှုအသစ်များကို မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း ဂျန်စတိုလ်တန်ဘာ့ချ်က နိုဝင်ဘာလ(၂၉)ရက်တွင် ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့သည့် နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျန်စတိုလ်တန်ဘာ့ချ်က "ကျွန်တော်တို့ ရုရှားကို အထင်မသေးသင့်ပါဘူး။ ရုရှားရဲ့ကာကွယ်ရေးလုပ်ငန်းတွေဟာ အနေအထားတစ်ခုမှာ ရှိနေတာဖြစ်ပြီး သူတို့ရဲ့တပ်ဖွဲ့တွေကို ခဲယမ်းမီးကျည်တွေ၊ စွမ်းရည်အသစ်တွေနဲ့ ပြန်လည် ဖြည့်တင်းမှုတွေ လုပ်ပေးနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် တန်ပြန်ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ပြီးခဲ့သည့်ဇွန်လတည်းက ဒီဇင်ဘာလ(၁)ရက်အထိ ယူကရိန်းသည် တပ်ဖွဲ့ဝင်(၁၂၅ဝဝဝ)ကျော် ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံး ခန့်မှန်းချက်များအရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘီလာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် ထုတ်ဖော်ပြောကြား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved