မီတာပုံးတပ်ဆင်မှုနှုန်းထားများ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန အတည်ပြု
ယွန်း (NSS) - ဒီဇင်ဘာ ၃
ဒီဇင်ဘာ(၁)ရက်မှစ၍ မီတာပုံးတပ်ဆင်မှုနှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက အတည်ပြုထားသည်။
“ပြောင်းလဲမယ်ဆိုတာ မှန်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီကရောင်းချမယ့် ဈေးနှုန်းက အရင်က ဈေးနှုန်းနဲ့ မရတော့ဘူး။ ဝယ်တဲ့ဈေးနှုန်းမြင့်သွားတော့ ဒီဇင်ဘာ(၁)ရက်ကနေစပြီး ပြောင်းကောက်မှာပါ” ဟု အဆိုပါ လျှပ်စစ်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက NP News ကို ပြောသည်။
အိမ်သုံးမီတာတပ်ဆင်မှုများကို ယခင်က သတ်မှတ်နှုန်းထားအတိုင်း ကျပ်(၁၂ဝဝဝဝ)သာ ကောက်ခံခဲ့ရာမှ ယခု ဒီဇင်ဘာ(၁)ရက်မှစ၍ ကျပ်(၂၅ဝဝဝဝ)အထိ ပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြင်ဆင်ကောက်ခံမည့်နှုန်းထားတွင် မီတာလျှောက်လွှာမှတ်ပုံတင်ကြေး အပါအဝင် အိမ်သုံးမီတာ သတ်မှတ်ကြေး၊ မီတာပုံးခွံ၊ Breaker၊ အာမခံစဘော်ငွေ၊ ကြိုးသွယ်ခ၊ မီးဆက်ခနှင့် ကြီးကြပ်ခများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ကျန်ရှိသည့် လျှပ်စစ်မီတာကြွေးကျန်များကို တောင်းခံလျှက်ရှိရာ ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအထိ ဆက်လက်တောင်းခံရန်ကျန်ရှိနေသည့် လျှပ်စစ်မီတာခကြွေးကျန်မှာ ငွေကျပ်(၂၄၄ ဒသမ ၆၁၉) ဘီလျံ ရှိနေသေးကြောင်း သိရသည်။
အလားတူ (၄)လနှင့်အထက် ဓာတ်အားခပေးဆောင်ခြင်းမရှိသူများကို မီတာပုံးဖြုတ်သိမ်းခဲ့ရာ တိုင်းနှင့်ပြည်နယ် အသီးသီး၌ ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအထိ မီတာလုံးရေ(၁၉၈၈)လုံး ဖြုတ်သိမ်းထားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂွါတီမာလာကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်မှာ ကမ္ဘာ့အမြင့်ဆုံပင်လယ်တောင် ရှာဖွေတွေ့ရှိ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း