ဂွါတီမာလာကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်မှာ ကမ္ဘာ့အမြင့်ဆုံပင်လယ်တောင် ရှာဖွေတွေ့ရှိ
ရောင်နီ (NSS) - ဒီဇင်ဘာ ၄
ဂွါတီမာလာကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်မှာ ဧရာမပင်လယ်တောင်တန်းကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါတောင်တန်းကြီးဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံထက် နှစ်ဆနီးပါးမြင့်တယ်လို့ သိရပါတယ်။
အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေး တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဖက်ဒရယ်အစီအစဉ်တစ်ခု NOAA Ocean Exploration ရဲ့အဆိုအရ ပင်လယ်တောင်ဟာ မီးသေလုဆဲဆဲ မီးတောင်ရဲ့အကြွင်းအကျန် ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားပြီး အမြင့် ၁၆ဝဝ မီတာ (၅၂၄၉ ပေ) ရှိကာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ ဒူဘိုင်းမြို့ ဘာဂ်ျကာလ်ဖာရဲ့ အမြင့်ထက် နှစ်ဆနီးပါး မြင့်တယ်လို့ ဆိုပါတယ်။
အကျယ်အဝန်းအနေနဲ့ ၁၄ စတုရန်းကီလိုမီတာ (၅.၄ စတုရန်းမိုင်) ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၂၄ဝဝ မီတာ (၇၈၇၄ ပေ) မှာ တည်ရှိပါတယ်။ ဒီပင်လယ်ရေအောက် တောင်တန်းကြီးဟာ ဂွါတီမာလာ ပင်လယ် သီးသန့်စီးပွားရေးဇုန် အပြင်ဘက် ရေမိုင် ၈၄ မိုင်အကွာမှာ တည်ရှိပါတယ်။
အဆိုပါလေ့လာရေးမှာ Falkor (ခေါ်) သုတေသနသင်္ဘောကို အသုံးပြုပြီး ပန်ကာပုံစံ သမုဒ္ဒရာကြမ်းပြင်ကို အသံလှိုင်းပေးပို့တဲ့ multibeam echoounder ကို အသုံးပြုကာ တောင်တန်းရဲ့အမြင့်နဲ့ ပုံစံကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ၁ဝဝဝ မီတာ (၃,၂၈ဝ ပေ) ထက်မြင့်တဲ့ ပင်လယ်တောင်တန်း ၁ဝဝဝဝဝ ကျော်ထိရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ်ခဲ့ပြီးနောက် ပရိသတ်တွေ လှောင်ပြောင်ခံရတဲ့ စီရော်နယ်ဒို
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း