ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့ပစ်မှတ်ပေါင်း အနည်းဆုံး ၄၀၀ ကို တိုက်ခိုက်ခဲ့ဟု အစ္စရေးစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂
ဟားမက်စ်လက်နက်ကိုင်အဖွဲ့များကို တစ်ကျော့ပြန်တိုက်ခိုက်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်ပေါင်း ၄၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။
ကာတာနိုင်ငံ နဲ့ အီဂျစ်နိုင်ငံတို့ ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ဟာ နိုဝင်ဘာလ ၂၄ ရက်မှစတင်ပြီး ၇ ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပေမယ့် သက်တမ်းထပ်တိုးဖို့ စီစဉ်နေချိန်မှာ တိုက်ပွဲများ ထပ်မံဖြစ်လာခဲ့ကြောင်းသိရပါတယ်။ အစ္စရေးဟာ အပစ်ခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို ဒီဇင်ဘာလ ၁ ရက်တွင်စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ အစ္စရေး စစ်တပ်က ဂါဇာဒေသတောင်ပိုင်းရှိ ခန်ယူးနစ်မြို့ရှိ ပစ်မှတ်ပေါင်း ၅၀ ကျော်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် အစ္စရေးတပ်ဖွဲ့တွေဟာ မြေပြင်တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ရာ ဒီဇင်ဘာလ ၁ ရက် နဲ့ ၂ ရက်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်ပေါင်း ၃၅၀ ကိုတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်တို့ဟာ ယာယီအပစ်ခတ်ရပ်စဲရေး ရယူချိန်အတွင်း ဟားမက်စ်အုပ်စုက ဖမ်းဆီးထားသူ အစ္စရေးနိုင်ငံသား အနည်းဆုံး ၈၀ ဦး၊ အစ္စရေးက ပါလက်စတိုင်း အကျဉ်းသားအနည်းဆုံး ၂၄၀ ဦးပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။
ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ပျက်စီးခဲ့တာနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ အပြန်အလှန်ပြစ်တင်ဝေဖန်နေပြီး အစ္စရေးက ဟားမက်စ်အဖွဲ့ဟာ အစ္စရေးပိုင်နက်တွေကိုရော့ကတ်ဒုံးကျည်နဲ့စတင်ပစ်ခတ်ခဲ့ကြောင်းပြောပါတယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စုကလည်း အစ္စရေးဟာ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေးနဲ့ပတ်သက်ပြီးငြင်းဆန်ခြင်းတွေရှိနေကြောင်းဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော့ကရိတ်မြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ ကော့ကရိတ်မြို့ခံအများစု နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း