Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကော့ကရိတ်မြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ ကော့ကရိတ်မြို့ခံအများစု နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရ

မြူနစ် (NSS) - ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး ကော့ကရိတ်မြို့ခံအများစုသည် နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရကြောင်း ကော့ကရိတ်မြို့ခံများထံမှ သိရသည်။


ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်)မှစတင်ကာ KNU၊ PDF ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယနေ့တွင်လည်း ကော့ကရိတ်မြို့နှင့်အနီးတစ်ဝိုက်တွင် KNU၊ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်ကြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်အပါအဝင် လေယာဉ်ပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

“အခုတော့ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲ။ ကော့ကရိတ်မြို့အဝင် ကြာပန်းနေရာတစ်ဝိုက်ကို ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ သိရတယ်။ အဲဒီနေရာက တပ်နဲ့ တော်တော်နီးတဲ့နေရာမှာ ရှိတယ်။ မြို့ပတ်ပတ်လည် တစ်ဝိုက်မှာလည်း တိုက်ပွဲတွေက ပြင်းထန်နေတဲ့ သဘောရှိတယ်”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက NSS ကို ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် ကော့ကရိတ်ဒေသခံအများစု မြို့အား စွန့်ခွာကာ စစ်ဘေးရှောင်ခဲ့ရပြီး မြဝတီမြို့၊ မဲကနယ်ကွက်သစ်ရှိ သဗ္ဗသုခတပ်ပေါင်းစုကျောင်း၊ မင်္ဂလာရွာဦးကျောင်းများတွင်လည်း သွားရောက်စစ်ဘေးရှောင်နေသူများရှိကြောင်း သိရသည်။

“ကျွန်တော်တော့ စစ်ဘေးရှောင်လိုက်ပြီ။ တော်တော်ဆိုးဆိုးဝါးဝါးကို ဖြစ်နေတာလေ။ လေကြောင်းတိုက်ခိုက်မှုတွေရော၊ လက်နက်ကြီးတွေရော တော်တော်လေးကို ပစ်နေတယ်။ နောက်ပြီးတော့ အခင်းဖြစ်ပွားတဲ့နေရာကလည်း တော်တော်လေးကို စုံလာတယ်။ ကော့ကရိတ် အရှေ့၊ အနောက်၊ တောင်၊ မြောက်မှာကို ဖြစ်နေတာ။ အဲဒီတော့ ကျွန်တော်တို့ မြို့ထဲမှာ ဆက်နေလို့ မဖြစ်တော့ဘူး မိသားစုနဲ့ ကော့ကရိတ်ကနေထွက်သွားပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် ကော့ကရိတ်မြို့နှင့်အနီးတစ်ဝိုက်၌ ယခုဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ အရပ်သားနေအိမ်ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ အိမ်တွေ ပျက်စီးတာတွေ ရှိတယ်။ ကျွန်တော်သိသလောက် ကော့ကရိတ်မြို့ထဲမှာဆိုရင် အိမ်နှစ်လုံးလောက် ပျက်စီးသွားတယ်။ မြို့အစွန့်အဖျားမှာရှိတဲ့ အိမ်နှစ်လုံးလည်း ပျက်စီးသွားတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်။ ဘယ်သူမှလည်း သွားမကယ်ရဲကြဘူး အဲဒီလို ဖြစ်နေတယ်”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ထို့အတူ ကော့ကရိတ်မြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာအဆောက်အဦးများသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပြန်လည်ဖြစ်ပွားလာခဲ့သော တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းသည် ပိတ်ဆို့သွားခဲ့သည့်အတွက် ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“ဝ” နဲ့ မိုင်းလား နှစ် ၂ဝ ကျော်အတွင်းမှာ ဘယ်လိုတိုးတက်လာသလဲ (ဆောင်းပါး)

RELATED POSTS
RECENT POSTS
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved