စင်ကာပူ River Valley အထက်တန်းကျောင်းမှာအတန်းဖော်ကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တဲ့ကျောင်းသား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရ
ရောင်နီ(NSS) - ဒီဇင်ဘာ၂
စင်ကာပူနိုင်ငံမှာ ၂၀၂၁ ခုနှစ်က River Valley အထက်တန်း ကျောင်းဝင်းအတွင်း အတန်းဖော်ကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တဲ့ အထက်တန်းကျောင်းသားကို တရားရုံးက သောကြာနေ့ (ဒီဇင်ဘာလ ၁ ရက်)မှာ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ပါတယ်။
ကျူးလွန်သူဟာ အသက် ၁၈ နှစ်အောက်ဖြစ်လို့ အမည်တော့ ဖော်ပြခြင်း မရှိပါဘူး။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်က အသက် ၁၆ နှစ်အရွယ်ရှိ ပြစ်မှုကျူးလွန်သူ ကျောင်းသားဟာ စိတ်ကျဝေဒနာခံစားနေရပြီး အသက် ၁၃ နှစ်အရွယ် အတန်းဖော် ကလေးငယ်ကို River Valley အထက်တန်းကျောင်းရှိ အိမ်သာထဲမှာ ပုဆိန်နဲ့ ခုတ်သတ်ခဲ့တာပါ။
အသတ်ခံရတဲ့ ကလေးငယ်က ဦးခေါင်း၊ လည်ပင်း နဲ့ ခန္ဓာကိုယ်ကို ပုဆိန်နဲ့ ခုတ်ခံရတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ကျူးလွန်သူ ကျောင်းသားဟာလည်း ၎င်းကိုယ်၎င်း အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ရဲတပ်ဖွဲ့က အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။
အဆိုပါကျောင်းသားဟာ ၆ လခန့်စိတ်ကျဝေဒနာခံစားနေရပြီး အွန်လိုင်းပေါ်ကနေလည်း သတ်သေတဲ့ဗီဒီယိုတွေ ကြည့်ခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုဟာ စင်ကာပူမှာ မကြုံစဖူးဖြစ်ပြီး ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများပြီးနောက် အခုအချိန်မှာတော့ ပြစ်မှုကျူးလွန်သူ ကျောင်းသားကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ပြီဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖယောင်းတိုင်မီးထွန်းရာမှလဲကျပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံးဆုံးရှုံးကာ လူဦးရေ (၅၀)ခန့် မီးဘေးသင့်ခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း