ရေစကြိုမြို့နယ်ရှိ ဂျပန်-မြန်မာ လက်အိတ်စက်ရုံမှ မန်နေဂျာကို PDF အဖွဲ့ဖမ်းဆီးခေါ်ဆောင်
NSS - ဒီဇင်ဘာ ၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဂျပန်- မြန်မာ(ခုရိုဒ) လက်အိတ်စက်ရုံမှ မန်နေဂျာကို PDF များက စက်ရုံတွင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဥ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ(၂၈)ရက်တွင် ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးရှိ ဂျပန်-မြန်မာ(ခုရိုဒ) လက်အိတ်စက်ရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းစက်ရုံအတွင်းသို့ နိုဝင်ဘာလ(၂၈)ရက်၊ ည(၉)နာရီခွဲအချိန်ခန့်တွင် PDF အင်အား (၁၀)ဦးခန့်သည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် စက်ရုံမန်နေဂျာအား စက်ရုံပိုင် Light Truck ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ ဆိုထားသည်။
လက်ရှိတွင် အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း