မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများထံမှာ သားကောင်ဖြစ်ခဲ့ရသူများ ကိုယ်အင်္ဂါအစိတ်ပိုင်းရောင်းချဖို့ ဖိအားပေးခံရဟု ဗီယက်နမ်ပရဟိတအဖွဲ့ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁
မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းတွေဟာ သတ်မှတ်ထားတဲ့ targets အတိုင်းမရဘူးဆိုရင် ၎င်းတို့လက်ထဲမှာ ပိတ်မိနေသူများရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းစားဖို့ အတင်းကြပ်ကြိုးပမ်းကြကြောင်း ဗိယက်နမ်အခြေစိုက် Blue Dragon က ပြောပါတယ်။
ဗီယက်နမ် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သော Blue Dragon က "အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေ တဲ့ရာဇဝတ်ဂိုဏ်းတွေဟာ သားကောင်းတွေအဖြစ် ဖမ်းဆီးခံရသူတွေကို အလုပ်လုပ်ရာမှာ သတ်မှတ်ထားတဲ့အရေ အတွက်မရသူဘူးဆိုရင် ကိုယ်အင်္ဂါအစိတ်ပိုင်း ရောင်းစားဖို့ ကြိုးပမ်းကြတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် Blue Dragon ပရဟိတအဖွဲ့ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ Caitlin Wyndham ကလည်း "မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျုးလွန်တဲ့ ဂိုဏ်းတွေလက်ထဲပိတ်မိနေခဲ့ရတဲ့လူတွေဟာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံ ရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေ တွေ့ကြုံခဲ့ရတယ်" လို့ ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေလက်ထဲမှာ အနည်းဆုံးလူပေါင်း ၁၂ဝဝဝဝ ကျော် ပိတ်မိနေကြောင်း ပြီးခဲ့တဲ့လပိုင်းက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ ဗီယက်နမ်နိုင်ငံသားတစ်ဦးဟာ မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေလက်ထဲမှာ သားကောင်ဖြစ်ခဲ့ရပြီး သတ်မှတ်ထားတဲ့အရေအတွက်မရတဲ့အတွက် ကျောက်ကပ် ထုတ်ရောင်းဖို့ ဖိအားပေးခံရတာတွေ ရင်ဆိုင်ခဲ့ရဖူး ကြောင်း အဆိုပါပရဟိတအဖွဲ့အစည်းက ပြောပါတယ်။
မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ဂိုဏ်းတွေကို တရုတ်အစိုးရက လက်ရှိအချိန်မှာ အရှိန်မြှင့် ဖြိုခွင်းနေရာ မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့လပိုင်းအတွင်း တရုတ်နိုင်ငံသား ၃ဝဝဝဝ ကျော် ပြန်လည်လွှဲပြောင်းပေးခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သိပါတယ် - သို့သော်၊ မြောက်ပိုင်း(၃)ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက NUG ရဲ့ ခိုင်းဘက်ဟုတ်သလား၊ ကျောက်မဲပဟေဋိ (၃ဝ-၁၁-၂ဝ၂၃)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ