ဂါဇာဒေသမှာ ဗုံးကြဲခံရခြင်းထက် ရောဂါကြောင့် သေဆုံးသူအရေအတွက် ပိုမိုများပြားလာဖွယ်ရှိနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၉
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ ဗုံးကြဲခံရခြင်းကြောင့် သေဆုံးသူအရေ အတွက်ထက် ရောဂါရရှိကာ သေဆုံးသူအရေအတွက်က ပိုမိုများလာမယ့်အန္တရာယ်မျိုးရှိနေကြောင်း WHO အဖွဲ့က ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ စတင်ခဲ့ရာ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁၅ဝဝဝ ကျော် သေဆုံးထားကြောင်း၊ သေဆုံးထားသူအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းက ကလေးငယ်များဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Margaret Harris က "ဂါဇာဒေသကျန်းမာရေးအခြေအနေ ပိုမို ကောင်းမွန်စေဖို့ အတူတကွ လုပ်ဆောင်မှုမရှိဘူးဆိုရင် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူအရေအတွက်ထက် ရောဂါ ကြောင့် သေဆုံးရသူအရေအတွက် ပိုမိုများလာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
၎င်းက ဂါဇာစစ်ပွဲကြောင့် ဝမ်းလျှောရောဂါများ အပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွားလာနိုင်မယ့် အန္တရာယ်အခြေအနေများ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောပါတယ်။ ကုလသမဂ္ဂက "ဂါဇာဒေသမှာ ဆေးဝါးလုံလောက်မှုမရှိဘူး။ ကျန်းမာရေးဝန်ထမ်း လုံလောက်မှုမရှိဘူး။ အစားစာနဲ့ ရေသန့် အလုံအလောက်မရှိဘူး။ အဲဒီအခြေအနေတွက ကလေးငယ်တွေကို ဝမ်းလျှောရောဂါကြောင့်သေဆုံးရမှု ပိုမိုဖြစ်လာစေနိုင်တယ်" လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် ကာတာ၊ အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ခဲ့ရာ ယာယီအပစ်ခတ်ရပ်စဲရေးရရှိခဲ့ကြောင်း သိရပါတယ်။ စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသမှာ လူပေါင်းသန်းချီ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း