၆ နှစ်ကြာရပ်တန့်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့ သဘောတူ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၉
ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်ပါတီလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ New People's Army (NPA)ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို တစ်ကျော့ပြန် ပြန်လည်စတင်သွားမယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်စစ်တပ်နဲ့ အဆိုပါလက်နက်ကိုင်အဖွဲ့အစည်းဟာ နှစ်ပေါင်း ၅ဝ ကျော်ကြာ အပြန်အလှန်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၄ သောင်းကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့အစည်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်ဖြစ်စေဖို့ နော်ဝေနိုင်ငံက ကြားဝင်ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ၆ နှစ်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ပြန်လည် စတင်မှာဖြစ်ပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ဖက်စလုံးရဲ့ထိပ်သီးခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အဓိက အခက်အခဲအတားအဆီးတွေကို ဖြေရှင်းနိုင်အောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲဖို့ သဘောတူညီခဲ့ကြောင်း ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအောင်မြင်မယ်ဆိုရင် ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့ဟာ လက်နက်ကိုင် လှုပ်ရှားမှုတွေကိုအဆုံးသတ်ကာ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ရပ်တည်ရမှာဖြစ်ကြောင်း နော်ဝေအစိုးရက ပြောပါတယ်။
နော်ဝေးနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်လာစေဖို့အတွက် ကြားဝင်ဆွေးနွေးပေးတဲ့ နိုင်ငံအဖြစ် နှစ်ပေါင်း ၂ဝ ကျော် ပါဝင်ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ပူးတွဲသတင်းထုတ်ရာမှာ "လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်အောင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သဘောတူညီခဲ့တယ်" လို့ ပြောပါတယ်။
ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးရေးအချက်လည်း ဆွေးနွေးဖွယ်ရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသမှာ ဗုံးကြဲခံရခြင်းထက် ရောဂါကြောင့် သေဆုံးသူအရေအတွက် ပိုမိုများပြားလာဖွယ်ရှိနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း