ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒုလက်ထောက်ဦးစီးမှူးရာထူးများ ခေါ်ယူ
စော (NSS) - နိုဝင်ဘာ ၂၈
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒုလက်ထောက်ဦးစီးမှူးရာထူးများ ခေါ်ယူနေကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာနက ဒုလက်ထောက်ဦးစီးမှူးအတွက် (၅)နေရာ၊ အငယ်တန်းစာရေးအတွက် (၃)နေရာ၊ စာပို့အတွက် (၁)နေရာ နှင့် စာရင်းကိုင်-၄ အတွက် (၈)နေရာတို့ကို ခေါ်ယူသွားမည်ဖြစ်ပြီး အသက် (၂၈)နှစ်ထက် မကျော်ရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေး(၅)အတွက် (၇)နေရာ ခေါ်ယူသွားမည်ဖြစ်ပြီး အသက် (၄၀)နှစ်ထက်မကျော်လွန်ရန်လည်း လိုအပ်ကြောင်း သိရသည်။
အလားတူ လုပ်သားဥယျာဉ်အတွက် (၁)နေရာ ခေါ်ယူသွားမည်ဖြစ်ပြီး အသက် (၃၅)နှစ်ထက် မကျော်လွန်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်ထားသူများသည် မြန်မာစာ၊ အထွေထွေဗဟုသုတ နှင့် အင်္ဂလိပ်စာဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကျင်းပမည့် ရက်၊ နေရာ၊ အချိန် နှင့် ဖြေဆိုခွင့်ရရှိသူစာရင်းများကို ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး နှင့် Environment Conservation Department Mon State Facebook Page တွင်လည်း ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို မော်လမြိုင်ခရိုင်လက်အောက်ရှိ မြို့နယ်များအတွက် မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ မုပွန်(နတ်ကွန်း)ရပ်ကွက်၊ မော်လမြိုင်မြို့ နှင့် သထုံခရိုင်လက်အောက်ရှိ မြို့နယ်များအတွက် သထုံခရိုင်၊ ပတ်ဝန်းကျင်ဦးစီးဌာနရုံး၊ ဘင်လှိုင်အရှေ့ပိုင်းရပ်ကွက်၊ သထုံမြို့သို့ လာမည့်(ဒီဇင်ဘာလ ၂၂ ရက်) နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီး ဖြစ်ပွားနေသော တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်၊ ဒေသခံ (၈၀)ရာခိုင်နှုန်းခန့်နေရပ်စွန့်ခွာ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း