Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံရှိ မင်္ဂလာဆောင်တစ်ခုတွင် သတို့သားဖြစ်သူက သတို့သမီး အပါအဝင် လူ(၄)ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ဟုဆို

Pika (NSS) - နိုဝင်ဘာ ၂၇ 

ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ(၂၅)ရက်က ကျင်းပခဲ့သော မင်္ဂလာဆောင်ပွဲတစ်ခုတွင် သတို့သားက ၎င်း၏ သတို့သမီးဖြစ်သူ အပါအဝင် လူလေးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် Nakhon Ratchasima ပြည်နယ် Wang Nam Khieo ခရိုင်ရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သတို့သားမှာ Chaturong Suksuk ဟု အမည်ရသူဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြခဲ့သည်။

၎င်းသည် မသန်စွမ်းအားကစားပြိုင်ပွဲမှာ ရေကူးခြင်းနှင့် သေနတ်ပစ်ပြိုင်ပွဲများတွင် ထိုင်းကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။ အသက်(၂၉)နှစ်အရွယ် Chaturong Suksuk သည် Kanchana Pachunthuek ဆိုသည့် အမျိုးသမီးနှင့် နိုဝင်ဘာလ(၂၅)ရက် နံနက်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် လက်ထပ်ရန် မဆုံးဖြတ်မီ ချစ်သူစုံတွဲအဖြစ် သုံးနှစ်ကြာအောင် အတူနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ(၂၅)ရက် ညတွင် မင်္ဂလာပွဲကိုကျင်းပခဲ့ပြီး Chaturong Suksuk သည် ထင်မှတ်ထားသည့်အတိုင်း  ပျော်ရွှင်ခြင်းမျိုးမရှိခဲ့ကြောင်း မိသားစုဝင်များနှင့် ဧည့်သည်များက ပြောကြားခဲ့သည်။

ထို့နောက် ၎င်းသည် ပါတီမှ ခဏတာထွက်ခွာသွားခဲ့ပြီးနောက် (၉)မီလီမီတာပစ္စတိုနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ Chaturong Suksuk သည် သတို့သမီးဖြစ်သူ Kanchana Pachunthuek၊ ၎င်း၏ မိခင်နှင့် ညီမဖြစ်သူတို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါပစ်ခတ်မှုအတွင်း ဧည်သည့်နှစ်ဦးလည်း သေနတ်ထိမှန်ခဲ့ပြီး ခရိုင်ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး Chaturong Suksuk ကို မည်သည့်အရာက တွန်းအားပေးခဲ့သလဲဆိုသည့်အချက်ကို ရဲတပ်ဖွဲ့များက ဆက်လက်စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။

အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့စုံတွဲသည် ပါတီချိန်အတွင်း စကားများမှုများရှိခဲ့ကြောင်း The Nation သတင်းစာက ဖော်ပြခဲ့သည်။ Chaturong Suksuk က ၎င်းသည် မသန်မစွမ်းဖြစ်နေသည့်အတွက် ၎င်း၏ ဇနီးဖြစ်သူက အခြားယောကျာ်းယူသွားမည်ကို စိုးရိမ်ကြောင်းပြောဆိုရာမှ စကားများအငြင်းပွားမှုများရှိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ရိန်းဂျားဟောင်းဖြစ်ခဲ့ဖူးသော Chaturong Suksuk သည် တာဝန်ကျစဉ်အချိန်အတွင်း မတော်တဆမှုတစ်ခုကြောင့် ၎င်း၏ ညာဖက်ခြေထောက်ကို ဆုံးရှုံးခဲ့ကြောင်း သိရသည်။ Chaturong Suksuk သည် ၂ဝ၂၂ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပခဲ့သော(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုရ ရှိခဲ့ကြောင်း Khaosod သတင်းစာက ဖော်ပြခဲ့သည်။ 

ထိုင်းနိုင်ငံတွင် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးမှုကို တစ်နှစ် ရပ်ဆိုင်းရန် အမိန့်ကို ထိုင်းပြည်ထဲရေး ဝန်ကြီး Anutin Charnvirakul က လက်မှတ်ရေးထိုးပြီးနောက် ရက်ပိုင်းအကြာ နိုဝင်ဘာလ(၂၅)ရက်တွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် မိုးကြိုးပစ်မှုများကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved