Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာလက်နက်ကိုင်အဖွဲ့တွေက နယ်စပ်ကုန်သွယ်ရေးအချက်အချာကျနေရာကို သိမ်းယူဟု ဆို

Htay Oung (NSS) - နိုဝင်ဘာ ၂၇ 

(မြန်မာ) လက်နက်ကိုင်အဖွဲ့တွေဟာ ကုန်သွယ်ရေးဂိတ်ကို နစက အစိုးရထံမှ သိမ်းယူကြောင်း ကြေညာပြီးနောက် ပေကျင်းအနေနဲ့ နယ်စပ်လုံခြုံရေးကို ကာကွယ်ရန် စိတ်ဆုံးဖြတ်ထားတယ်လို့  တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နေ့စဉ်သတင်းစာ PLA Daily မှာ ရေးသားထားကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post (SCMP) က ယမန်နေ့ ဖော်ပြပါတယ်။ 


ယမန်နေ့ (တနင်္ဂနွေနေ့) မှာ နယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်လိုက်ကြောင်း လက်နက်ကိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုက သတင်းထုတ်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာနေတဲ့ ပြည်တွင်း ပဋိပက္ခမှာ  ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တရုတ်စစ်တပ် အာဘော်သတင်းစာက တောင်းဆိုပါတယ်။

နယ်စပ်လုံခြုံရေးကို ကာကွယ်ဖို့ တရုတ်က ဆုံးဖြတ်ထားပြီး တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ပြင်းပြတဲ့ ဘုံဆန္ဒနဲ့ အကျိုးဖြစ်ထွန်းစေရေးပဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခများရဲ့ဆက်စပ်မှုတွေကို အလေးအနက် သတိမူလျက်ရှိ ကြောင်း၊ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့ဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပါ ကြောင်း တနင်္ဂနွေနေ့ထုတ် PLA Daily သတင်းစာရဲ့အယ်ဒီတာ့အာဘော်မှာ ဖော်ပြပါတယ်။


စနေနေ့ မြန်မာနဲ့ နယ်စပ်တလျှောက် ယူနန်ပြည်နယ်အတွင်း နေရာအသီးသီးတို့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေးရက်ကြာ ပစ်ခတ်မှုနဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အခုလိုစစ်ရေးလေ့ကျင့်မှုဟာ မြန်မာနစကအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ များအကြား တင်းမာမှုများ လျှော့ချဖို့ သတင်းစကားအဖြစ် အကဲခတ်အချို့က ရှုမြင်ကြပြီး (နယ်စပ်ဒေသ) အဆိုပါ နယ်မြေအတွင်းရှိ တရုတ်နိုင်ငံသားများနဲ့ ဒေသခံများအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာနေပါတယ်။

နစကအစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းထွန်းကတော့ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်ဖြစ်ကြောင်း၊ နယ်စပ် ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့အတွက်ဖြစ်ကြောင်း တရုတ်ဘက်က အသိပေးထားတယ်လို့ စနေနေ့ နိုဝင်ဘာလ ၂၅ ရက်က မြန်မာမီဒီယာကို အတည်ပြုပါတယ်။

နစကအစိုးရအနေနဲ့  လွန်ခဲ့တဲ့ သုံးနှစ်ခန့်က  ရရှိခဲ့တဲ့ အာဏာအပေါ် အပြင်းထန်ဆုံးသော လက်နက်ကိုင်အံတုမှုနဲ့  ရင်ဆိုင်နေရပါတယ်။ မြောက်ပိုင်းသူပုန်အဖွဲ့တွေဟာ  အစိုးရပစ်မှတ်အသီးသီးအပေါ် ဟန်ချက်ညီညီ တိုက်ခိုက်မှု များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။ အဲဒီအဖွဲ့များအနက်မှ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ် (MNDAA) ဟာ  တရုတ်နယ်စပ်မြို့ မူဆယ်မှာရှိတဲ့ အဓိကကုန်သွယ်ရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အဖွဲ့နဲ့ ဆက်နွယ်တဲ့ ကိုးကန့်မီဒီယာက ဖော်ပြပါတယ်။

ကိုးကန့်တို့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာက ဗွီဒီယိုတစ်ခုမှာလည်း မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးဇုန်မှာ လွှင့်တင်ထားတဲ့ MNDAA အလံကို တွေ့မြင်ရပါတယ်။ 

 ကြာသပတေးနေ့တုန်းက ဒရုန်းများကို အသုံးပြုပြီး မူဆယ်မြို့ရှိ မော်တော်ယာဉ်များအပေါ်  ဗုံးများကို ပစ်ချ တိုက်ခိုက်တဲ့အတွက် ကားစင်းရေ ၁၂ဝ ခန့် ပျက်စီးခဲ့ရတယ်လို့ မြန်မာနိုင်ငံပိုင်မီဒီယာက ဖော်ပြကြောင်း အေပီ သတင်းအေဂျင်စီက ရေးသားပါတယ်။

အောက်တိုဘာလ ပဋိပက္ခဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံဘက်ခြမ်းမှာ အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုသတင်းများကို အတည်ပြုခဲ့ကြောင်း သိရှိရပါတယ်။

တရုတ်နိုင်ငံဟာ နစကအစိုးရကို တရားဝင် အသိအမှတ်ပြုခြင်း မရှိပေမယ့် အုပ်ချုပ်ရေးပိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရဲ့အကျိုးစီးပွားများကို ကာကွယ်ပေးရာမှာ ပိုမိုခိုင်မာတဲ့အစီအမံများကို ထားရှိဖို့ ယခုလစောစောပိုင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူ ပေကျင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နွန်ရောင်းက တောင်းဆိုခဲ့ပါတယ်။

#တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် #ကျင်စန်းကျော့ #တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်

(China Morning Post., 26 November 2023,” Chinese military urges ceasefire in Myanmar’s civil conflict as rebel group claims border trading point” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved