Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်(၈၁)ခု ဖျက်ဆီးခံခဲ့ရ၊ အကြမ်းဖက်များအနေဖြင့် ဒီမိုကရေစီဗန်းပြကာ နိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေဟု နစကတုံ့ပြန်

NSS - နိုဝင်ဘာ ၂၇

(၃)နှစ်ကျော်ကာလအတွင်း လျှပ်စစ်ဓာတ်အားပေးတာဝါတိုင် (၈၁)ခု ဖျက်ဆီးခံခဲ့ရပြီး အကြမ်းဖက်များအနေဖြင့် ဒီမိုကရေစီဗန်းပြကာ နိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေကြောင်း နစကမှ  (နိုဝင်ဘာလ ၂၆ ရက်)တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။


အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် နိုင်ငံပိုင်ဘဏ်များ အပါအဝင် ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များကို မီးရှို့ဖျက်ဆီးခြင်းများ နှင့် ပစ္စည်းများလုယက်ခြင်းတို့ကို ကျူးလွန်နေကြောင်း နစကမှ အသိပေးထားသည်။

ထို့သို့ အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်အထိ လျှပ်စစ်ဓာတ်အားပေးတာဝါတိုင် (၈၁) ခု ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 “ဒီလိုဆောင်ရွက်တဲ့နေရာမှာ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခု ပျက်စီးခဲ့ကြောင်း တွေ့ရပါတယ်။ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးတာ အဓိကဖြစ်ပါတယ်။ အဓိကအားဖြင့် ကယားပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍသည် တစ်နိုင်ငံလုံး လိုအပ်တဲ့အတိုင်း အတာအထိပေးနိုင်တဲ့ လုံလောက်မှုမရှိသေးပါဘူး။ မလုံလောက်တဲ့ကြားကနေ နိုင်ငံတော်အစိုးရအနေနဲ့ အစိုးရအဆက်ဆက်အနေနဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်မိုင်းခွဲခံရမှု ဖြစ်စဉ်အများအပြားသည် ကယားပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလိုနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတဲ့ကြားက ဒီအဖျက်လုပ်ငန်းများကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပျက်စီးရခြင်း၊ လျှပ်စစ်ဓာတ်အားခွဲစက်ရုံများ ပျက်စီးရခြင်းကြောင့် နိုင်ငံရဲ့လူမှုစီးပွားဘဝသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲနဲ့ နှောင့်နှေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီအရေးဆိုတာကိုဗန်းပြပြီး တစ်နိုင်ငံလုံး အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ၎င်းက ထပ်မံပြောသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လျှပ်စစ်မီးနေ့စဉ် အသုံးပြုလျက်ရှိသည့် ပြည်သူလူထုအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်သုံးနိုင်သည့် ဝါးများကို သဘာဝတောများမှ နှစ်စဥ်ဝါးအလုံးရေ (၃၀၁)သန်း ထုတ်လုပ်ပေးနေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved