အပစ်အခတ်ရပ်စဲရေးသဘောတူညီထားသော်လည်း အနောက်ဘက်ကမ်းခြေကို အစ္စရေးတပ်ဖွဲ့များ ဝင်ရောက် စီးနင်းမှုလုပ်ဆောင်ခဲ့ဟုဆို
Pika (NSS) - နိုဝင်ဘာ ၂၆
အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေကို ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ပါလက်စတိုင်းနိုင်ငံသား(၈)ဦးကို သတ်ပစ်ခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ(၇)ရက်နောက်ပိုင်း အနောက်ဘက်ကမ်းခြေတွင် အသတ်ခံခဲ့ရသည့် ပါလက်စတိုင်းနိုင်ငံသားများမှာ (၂၃၉)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
အစ္စရေးတပ်ဖွဲများသည့် နိုဝင်ဘာလ(၂၅)ရက် နှောင်းပိုင်း နှင့် (၂၆)ရက် အစောပိုင်းတို့တွင် Jenin မြို့မှာ ပါလက်စတိုင်းနိုင်ငံသား(၅)ဦးကို ပစ်သတ်ခဲ့ပြီး အခြားလူသုံးဦးမှာ အနောက်ဘက်ကမ်းခြေရှိ အခြားနေရာများတွင် သတ်ခံခဲ့ရကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်၊၊
Jenin မြို့ကို အစ္စရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုအတွင်း အခြားပါလက်စတိုင်းနိုင်ငံသား(၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပါလက်စတိုင်းသတင်းအေဂျင်စီ Wafa က "အစ္စရေးတပ်ဖွဲ့တွေဟာ Jenin မြို့ကို နေရာပေါင်းစုံကနေ ဝင်ရောက် စီးနင်းမှုတွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အစိုးရဆေးရုံနဲ့ လခြမ်းနီအသင်းဌာနချုပ်တို့ကို ဝိုင်းရံထားခဲ့ကြပါတယ်" ဟု ဖော်ပြခဲ့သည်။
အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး အစီရင်ခံစာများကို စစ်ဆေးနေကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကြား လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီထားသော်လည်း အစ္စရေးတပ်ဖွဲ့များက အနောက်ဘက်ကမ်းခြေ ကို ယခုကဲ့သို့ ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက် နောက်ပိုင်းတည်းက အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေတွင် ကလေးငယ်(၅၂)ဦး အပါအဝင် ပါလက်စတိုင်းနိုင်ငံသား အနည်းဆုံး(၂၃၉)ဦးကို သတ်ပစ်ခဲ့ပြီး အခြားလူ(၃)ထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်း လည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းတိုက်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း ရုရှားစစ်ဘက် သတင်းထုတ်ပြန်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း