အမေရိကန်ဖျက်သင်္ဘောတစ်စီးက ခွင့်ပြုချက်များမရှိဘဲ ၎င်း၏ရေပိုင်နက်ထဲသို့ဝင်ရောက်လာခဲ့ကြောင်း တရုတ်စစ်ဘက်ပြော
Pika (NSS) - နိုဝင်ဘာ ၂၆
အမေရိကန်ရေတပ်ဖျက်သင်္ဘော USS Hopper သည် တရုတ်အစိုးရ၏ ခွင့်ပြုချက်များမရှိဘဲ ၎င်း၏ ရေပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့ကြောင်း တရုတ်စစ်တပ်က နိုဝင်ဘာလ(၂၅)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ အမေရိကန်ဖျက်သင်္ဘောကို စောင့်ကြည့်ရန်၊ ခြေရာခံရန် နှင့် သတိပေးမှုများ လုပ်ဆောင်ရန်အတွက် တရုတ်စစ်တပ်သည် ၎င်း၏ ရေတပ် နှင့် လေတပ်တို့ကို ဖြန့်ကျက်ချထားမှုများလုပ်ဆောင်ခဲ့ကြောင်း တောင်ပိုင်း ကွပ်ကဲမှုစစ်ဌာနချုပ်၏ WeChat အကောင့်တွင် တင်ထားသော ပို့စ်တစ်ခုအရ သိရသည်။
အဆိုပါဖြစ်ရပ်က အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် လုံခြုံရေးနှင့်ပတ်သက်ပြီး အန္တရာယ်များကို ဖန်တီးနေသူဖြစ်ကြောင်း သက်သေပြနေသည်ဟု အဆိုပါပို့စ်တွင် ရေးသားဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်မှုများ လုပ်ဆောင်ရန်အတွက် နိုင်ငံခြားတပ်ဖွဲ့ဝင်များကို စုဆောင်းနေ ကြောင်း တရုတ်အစိုးရက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ စွပ်စွဲပြောဆိုချက်မှာ နိုဝင်ဘာလ(၂၁)ရက်တွင် အမေရိကန် နှင့် ဖိလစ်ပိုင်နိုင်ငံတို့ စတင်လုပ် ဆောင်ခဲ့သော ရေကြောင်းနှင့် လေကြောင်း ပူးတွဲကင်းလှည့်မှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခုလအစောပိုင်းတွင် အမေရိကန် နှင့် တရုတ်တို့သည် အငြင်းပွားမှုများဖြစ်ပွားနေသော တောင်တရုတ်ပင်လယ် အပါအဝင် ရေကြောင်းဆိုင်ရာကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်အစိုးရသည် တရုတ်၏ အန္တရာယ်ရှိသော ဥပဒေမဲ့လုပ်ရပ်များနှင့်ပတ်သက်ပြီး ၎င်း၏ စိုးရိမ်ပူပန်မှုများကို အလေးပေးထုတ်ဖော်ပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကထိန်အလှူသွားသည့် ယာဥ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း