ပင်းပက်သံမဏိစက်ရုံ၌ လက်နက်ခဲယမ်းထုတ်လုပ်မှုအပြင် နျူကလီးယားပါ ကြိုပမ်းနေသည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိဟု နစကဖြေရှင်း
NSS - နိုဝင်ဘာ ၂၆
ပင်းပက်သံမဏိစက်ရုံ၌ လက်နက်ခဲယမ်းထုတ်လုပ်မှုအပြင် နျူကလီးယားပါ ကြိုပမ်းနေသည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း နစကမှ တုံ့ပြန်ပြောဆိုထားသည်။
နစကမှ ယနေ့(နိုဝင်ဘာ ၂၆ ရက်) တွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန်နေပြီး ယူရေနီယမ်ကိစ္စနှင့်လည်း ပတ်သက်ဆက်နွယ်နေသည်ဆိုသော ရေးသားဖော်ပြမှုများသည် မမှန်ကန်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာစက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ နစကမှ ၎င်းသံမဏိစက်ရုံတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်နေသည်ဆိုသော ရေးသားချက်များမှာ မှားယွင်းနေပြီး “နျူကလီးယားကိစ္စပါ ကြိုးပမ်းလာနေကြောင်း သိရသည်” ဆိုသည့်ရေးသားချက်မှာ လုံးဝ မှားယွင်းနေကြောင်း တုံ့ပြန်ထားသည်။
စက်ရုံမှအသုံးပြုမည့် ပင်းပက်သံသတ္တုရိုင်းတွင် ဟီမင်တိုက်နှင့် လီမွန်နိုက်ဟူသော သံရိုင်းအမျိုးအစားနှစ်မျိုးသာ အဓိက ပါဝင်ပြီး ကျန်သတ္တုများတွင် ဆီလီကာနှင့် အလူမီနာသတ္တုရိုင်းများကိုသာ အနည်းငယ်ရောနှောသွားမည် ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် နျူကလီးယားထုတ်လုပ်ရန်လိုအပ်သည့် ယူရေနီယမ် နှင့် ပလူတိုနီယမ်သတ္တုများကို ရှာဖွေတွေ့ရှိ ခြင်းမရှိသေးခြင်းကြောင့် “နျူကလီးယား ကိစ္စပါကြိုးပမ်းလာနေသည်” ဟူသော ရေးသားချက်များမှာ လုံးဝ မှားယွင်းကြောင်း နစကမှ ဆိုထားသည်။
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ကို တစ်နှစ်လျှင် သံစိမ်းတန်ချိန် (၂ဝဝဝဝဝ)ထုတ်လုပ်ပြီး နိုင်ငံတော်၏ သံနှင့် သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဖျက်သင်္ဘောတစ်စီးက ခွင့်ပြုချက်များမရှိဘဲ ၎င်း၏ရေပိုင်နက်ထဲသို့ဝင်ရောက်လာခဲ့ကြောင်း တရုတ်စစ်ဘက်ပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း