စစ်ကိုင်းမြို့ရှိ ခရိုင်စိုက်ပျိုးရေးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းထောင်ကာ ဖောက်ခွဲတိုက်ခိုက်
NSS - နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ခရိုင်စိုက်ပျိုးရေးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းထောင်ကာ ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(နိုဝင်ဘာ ၂၃ ရက်)၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးရုံး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးရေးရုံးဝန်းအတွင်းရှိ “မြတ်ဇေယျာ” ခန်းမအတွင်းသို့ PDF အဖွဲ့က လက်လုပ်မိုင်း တစ်လုံးထောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းထောင်ဖောက်ခွဲခံရမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း “မြတ်ဇေယျာ” ခန်းမရှိ အမိုးသွပ်(၂ဝ)ချပ်၊ ပြတင်းတံခါးမှန်(၄ဝ)ချပ် (ခန့်မှန်းတန်ဖိုးငွေကျပ်(၈)သိန်းခန့်) ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်းပက်သံမဏိစက်ရုံ၌ လက်နက်ခဲယမ်းထုတ်လုပ်မှုအပြင် နျူကလီးယားပါ ကြိုပမ်းနေသည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိဟု နစကဖြေရှင်း
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း