အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ထားဝယ်မြို့တွင် OSWSC တစ်ခုဖွင့်ရန် စီစဉ်နေ
Pearl (NSS) - နိုဝင်ဘာ ၂၆
အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ထားဝယ်မြို့တွင် One Stop Women Support Center (OSWSC) တစ်ခုဖွင့်ရန် စီစဉ်ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။
၎င်းက ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသော အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)(၂ဝ၁၃-၂ဝ၂၂) ကို ကျား၊မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း Phase II ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်က ပြောသည်။
ထို့ပြင် တိုင်းဒေသကြီးအနေဖြင့် အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေး အတွက် ထားဝယ်မြို့တွင် One Stop Women Support Center (OSWSC) တစ်ခုကိုဖွင့်လှစ်ရန် ဆောင်ရွက် လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တနင်္သာရီတိုင်းအတွင်း အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးနေ သော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနအဖွဲအစည်းများအနေဖြင့်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးအတွက် ပိုမိုမြှင့်တင်ဖော်ဆောင်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်း အပါအဝင် မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့ စုစုပေါင်း(၇)မြို့တို့၌ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ လုံခြုံမှုအတွက် ယာယီနားခိုနိုင်ရန် နေရာများ စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်းမြို့ရှိ ခရိုင်စိုက်ပျိုးရေးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းထောင်ကာ ဖောက်ခွဲတိုက်ခိုက်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း