ပါကစ္စတန်နိုင်ငံရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦးသေဆုံး
Pika (NSS) - နိုဝင်ဘာ ၂၅
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများနှင့် ဒေသတွင်းမီဒီယာများက နိုဝင်ဘာလ(၂၅)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ အထပ်ပေါင်းများစွာရှိသော RJ ဈေးဝယ်စင်တာတွင် နိုဝင်ဘာလ(၂၅)ရက်၊ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့သည် လူ(၅၀)ခန့်ကို ဈေးဝယ်စင်တာအတွင်းမှ ကယ်ထုတ်နိုင်ခဲ့သော်လည်း အထဲတွင် လူများစွာကျန်ရှိနေသေးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ကရာချီမြို့တော်ဝန် Murtaza Wahab Siddiqui က"မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အနည်းဆုံးလူ(၉)ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသတွင်းဆေးရုံကို ပို့ဆောင်ပြီးပါပြီ။ မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူအများအပြားကလည်း ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်း လင်းလင်းမသိရှိရသေးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ရေတပ်စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိကြောင်းနှင့် တရုပ်စစ်တပ်က မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မည့်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ