စင်ကာပူနိုင်ငံ၊ West Mall ရှိ Harvey Norman ဆိုင်မှာ လုပ်ငန်းခွင်အတွင်း Vape များ တွေ့ရှိရခြင်းကြောင့် အမျိုးသားတစ်ဦး ဒဏ်ရိုက်ခံရ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၅
စင်ကာပူနိုင်ငံ၊ West Mall ၊ Harvey Norman စျေးဝယ်စင်တာရှိ Harvey Norman ဆိုင်တစ်ဆိုင်မှာ ရာနဲ့ချီတဲ့ vapes နဲ့ pods များ တွေ့ရှိပြီးနောက် ကြာသပတေးနေ့ (နိုဝင်ဘာ ၂၃ ရက်) မှာ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးကို စင်ကာပူဒေါ်လာ ၁၃,၇ဝဝဝ (အမေရိကန်ဒေါ်လာ ၁ဝ,၂၁ဝ) ဒဏ်ရိုက်ခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားနာမည်ကတော့ မားကတ်စ်ချန်ဂျန်မိုင်းဖြစ်ပြီး ၎င်းက အဆိုပါ အီးစကရက်တွေ ရောင်းချ ခြင်းမှ စင်ကာပူဒေါ်လာ ၁ဝဝဝဝ ခန့် ရရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဇန်နဝါရီလ ၂ဝ ရက်၊ ကျန်းမာရေးသိပ္ပံ အာဏာပိုင်အဖွဲ့ (HSA) မှ အရာရှိတွေက ချန်ကို စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့ခြင်းဖစ်ပြီး စတိုးဆိုင်မှာ သေတ္တာသုံး လုံးနဲ့ထည့်ထားတဲ့ pod ၇၅ ဘူးနဲ့ vape ၁၁ဝ သိမ်းဆည်းနိုင်ခဲ့ကာ နောက်ထပ် ဘူးခွံ ၂၅၁ ဘူးနဲ့ Vape ၄ဝ၉ ဘူး တို့ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ချန်က အဆိုပါပစ္စည်းအားလုံးဟာ သူ့ပိုင်ပစ္စည်းတွေဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ စင်ကာပူမှာ အဆိုပါ ထုတ်ကုန် တွေကို ဝယ်ယူအသုံးပြုခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်းဟာ ပြစ်မှုတစ်ခုဖြစ်ပြီး၊ ပြစ်မှုတစ်ခုစီအတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,ဝဝဝ အထိ ချမှတ်နိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သရုပ်ဆောင် ဂျမင်ဖော့ New York City စားသောက်ဆိုင်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲခံနေရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ