Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖမ်းဆီးခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ပညာရေးဝန်ထမ်း နှင့် မိသားစုဝင် (၁၀၀)ကျော် ပြန်လည်လွတ်မြောက်လာကာ တောင်ကြီးမြို့သို့ရောက်ရှိ

မြူနစ် (NSS) - နိုဝင်ဘာ ၂၄

KNPP ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသော လွိုင်ကော်တက္ကသိုလ်မှ ပညာရေးဝန်ထမ်းနှင့် မိသားစုဝင် (၁၀၀)ကျော် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။


လွိုင်ကော်တက္ကသိုလ်မှ နည်းပြ၊ သရုပ်ပြအပါအဝင် ဝန်ထမ်း (၇၀)ဦး နှင့် မိသားစုဝင် (၃၇)ဦး စုစုပေါင်း (၁၀၇)ဦးကို နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းထံသို့ လွှဲပြောင်းအပ်နှံလိုက်ကြောင်း IEC ဘက်က ယနေ့(နိုဝင်ဘာလ ၂၄ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာသည့် လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းနှင့်မိသားစုဝင် (၁၀၇)ဦးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အဝင်၌ တပ်မတော်ဘက်က လက်ခံရယူခဲ့ကြောင်း NSS ၏ တောင်ကြီးမြို့ခံသတင်းရင်းမြစ်က ပြောသည်။

အဆိုပါတက္ကသိုလ်မှ ဝန်ထမ်းများနှင့် မိသားစုဝင်(၁၀၇)ဦးသည် ၎င်းတို့ဖမ်းဆီးခံထားရသောနေရာမှ ယမန်နေ့(နိုဝင်ဘာလ ၂၃ ရက်) ညပိုင်းတွင် စတင်ထွက်ခွာလာခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်၌ လမ်းခုလပ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နံနက်စား ဝင်စားပြီးနောက် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လွိုင်ကော်ကို ပို့တာ မဟုတ်ဘူး။ တောင်ကြီးကို ပို့တာ။ တောင်ကြီးက တပ်မတော်နဲ့ချိတ်ပြီးတော့မှ လွှဲအပ်တာလို့ သိရတယ်။ တောင်ကြီးမြို့အဝင် သူတို့ချိန်ထားတဲ့နေရာမှာ လွှဲပြောင်းပေးတာလို့ သိရတယ်။ စစ်တပ်က လာကြိုတယ်။ တောင်ကြီးမြို့အဝင်မှာ။ ဝန်ထမ်း (၇၀)ဦးနဲ့ မိသားစုဝင် (၃၇)ဦး စုစုပေါင်း (၁၀၇) ယောက်ပေါ့။ အခုတော့ တောင်ကြီး တက္ကသိုလ်မှာ သီးသန့်ထားတယ်လို့ သိရတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ပြန်လည်လွတ်မြောက်လာသော လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များသည် အဝတ်တစ်ထည် ကိုယ်တစ်ခု၊ ဖုန်းဖြင့်သာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး လက်ဝတ်လက်စားများမှာ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

“လက်ဝတ်လက်စား၊ ငွေကြေးတွေကို အကုန်လုံးယူထားတယ်လို့ သိရတယ်။ ဖုန်းကိုလည်း စစ်ဆေးပြီးတော့မှ ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ၊ ဘာညာမှတ်တမ်းယူပြီးတော့မှ ဖုန်းတွေကို ပြန်ပေးလိုက်တယ်လို့ သိရတယ်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြန်ရတဲ့သဘောပေါ့” ဟု တောင်ကြီးမြို့ခံသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

KNPP ပူးပေါင်းအဖွဲ့များသည် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် ကယားပြည်နယ်ရှိ လွိုင်ကော်မြို့ကို ဝင်ရောက်တိုက်ခိုက်စဉ် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်အပါအဝင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းနှင့် မိသားစုဝင် (၂၀၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“အဖမ်းခံရတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေထဲက နည်းပြနဲ့ နည်းပြရဲ့အောက် ဝန်ထမ်းတွေကို လွှတ်ပေးတယ်။ နည်းပြရဲ့အထက်ကိုတော့ မလွှတ်ပေးသေးဘူး။ လက်ထောက်ကထိကနဲ့အထက်ကို ချန်ထားတယ် မလွှတ်သေးဘူး”ဟု တောင်ကြီးမြို့ခံသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

လက်ရှိတွင် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်အပါအဝင် ဆရာ၊ ဆရာမဦးရေ (၁၀၀)နီးပါးသည် ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘုရားသုံးဆူမြို့၌ ဗိုလ်မှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved