အစ္စရေးနဲ့ဟားမက်စ်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးစတင်လိုက်ပြီး ဖမ်းဆီးထားသူများကိုအပြန်အလှန်ပြန်လွှတ်ပေးဖွယ်ရှိနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၄
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲ ၄ ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲမှုဟာ နိုဝင်ဘာ ၂၄ ရက်မှာ စတင်လိုက်ပြီဖြစ်ကြောင်း ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံက ကြေညာလိုက်ပါတယ်။
ယာယီအပစ်ခတ်ရပ်စဲရေးဟာ ဒီနေ့ နိုဝင်ဘာလ ၂၄ ရက် မနက် ၇ နာရီမှာ စတင်မှာဖြစ်ပြီး ညနေ ၄ နာရီမှာ ဖမ်းဆီးခံထားရသူတွေကို စတင်ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ကာတာအစိုးရက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေဟာ ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး၊ အဲဒီကာလအတွင်း နှစ်ဖက်စလုံးက ဖမ်းဆီးထားသူတွေကို ပြန်လွှတ် ပေးမှာဖြစ်သလို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ကာတာအစိုးရက အပစ်ခတ်ရပ်စဲရေးစတင်တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကာတာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးအမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၃ ဦးကို စတင်လွှတ်ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
သဘောတူညီချက်များအရ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ၄ ရက်တာကာလအတွင်း လူပေါင်း ၅ဝ ပြန်လွှတ် ပေးရမှာဖြစ်သလို အစ္စရေးဘက်ကလည်း အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၅ဝ ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း သိရပါတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari က အစ္စရေးအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းလူမျိုးတွေဟာလည်း နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြန်လွတ်မြောက်လာဖွယ်ရှိ တယ်လို့ပြောဆိုပေမယ့် အရေအတွက်အတိအကျကို ပြောဆိုခြင်းမျိုးမရှိကြောင်း သိရပါတယ်။
၎င်းက "လက်ရှိရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေးကနေ အမြဲတမ်းအပစ်ခတ်ရပ်စဲရေးရယူနိုင်ချိန်အထိ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၂၇ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၂၄ဝ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။ အဲဒီအချိန်ကတည်းက စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာနေထိုင်နေတဲ့ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၃ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Naypyitaw State Academy ၌ ဆေးသိပ္ပံပညာမဟာဌာနကို စတင်ဖွင့်လှစ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ