Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟားမတ်စ်တို့ပုန်းအောင်းရာ အယ်လ်ရှီဖာဆေးရုံအောက် မြေအောက်လှိုဏ်ခေါင်း ဆိုသည်ကို အစ္စရေးစစ်တပ် ပြသ

Htay Oung (NSS) - နိုဝင်ဘာ ၂၄

ဂါဇာကမ်းမြှောင်ဒေသ အယ်လ်ရှီဖာဆေးရုံ နံဘေးမှာ ကပ်လျက်တည်ရှိနေတဲ့ အားဖြည့်သံကူကွန်ကရစ် လှိုဏ်ခေါင်းတစ်ခုကို အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ ရေချိုးခန်း၊ မီးဖိုချောင်နဲ့ လေအေးပေးစက်တပ်ဆင် အစည်းအဝေးခန်းတစ်ခုပါရှိတဲ့ အဲဒီမြေအောက်ဥမင်လှိုဏ်ခေါင်းကို ဟားမတ်စ် တိုက်ခိုက်ရေးသမားများအတွက် ကွပ်ကဲရေးစခန်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရှိရတယ်လို့ Reuters က ယနေ့ ရေးသားပါတယ်။


အယ်လ်ရှိဖာဆေးရုံဟာ ကမ်းမြှောင်ဒေသမှာ အကြီးဆုံး ဗဟိုဆေးရုံဖြစ်ပြီး ဂါဇာမြို့ ရီမယ်ရပ်ကွက်မြောက်ပိုင်း အနီးမှာ တည်ရှိပါတယ်။ အတိတ်ဗြိတိသျှထိန်းသိမ်းစောင့်ရှောက်ခံကာလ ၁၉၄၆ ခုနှစ်အထိ စစ်တန်းလျားဖြစ်ခဲ့ဖူး ပြီး နောက်ပိုင်းမှာ ပါလက်စတိုင်းအစိုးရက ဆေးရုံ “ကုသရေးလူနာဌာန” အဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ 


အီဂျစ်နဲ့ အစ္စရေး သိမ်းပိုက်ခံရဖူးတဲ့ဆေးရုံဟာ ၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း ဂါဇာ-အစ္စရေးပဋိပက္ခမှာ ကမ္ဘာသိ အဆောက်အအုံတစ်ခုဖြစ်လာခဲ့ပါတယ်။ ၂ဝဝ၈-၂ဝဝ၉ ဂါဇာစစ်ပွဲမှာ ဆေးရုံရှိ စစ်သတင်းထောက်များက မြေပြင် အခြေအနေများကို တိုက်ရိုက်သတင်း ပေးပို့ခဲ့ကြဖူးပါတယ်။ 


ဟားမတ်စ်တို့က ဆေးရုံကို စစ်ရေးအရအသုံးပြုနေခြင်း ရှိ-မရှိအကြောင်းအရာဟာ ကာလရှည် အငြင်းပွားခဲ့ကြတဲ့ ကိစ္စဖြစ်ပါတယ်။ ပါလက်စတိုင်းဖောက်ပြန်ရေးသမားများကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ရာမှာ ဟားမတ်စ်တို့က အဲ့ဒီဆေးရုံကို အသုံးပြုနေတယ်လို့ ၂ဝ၁၄ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က စွပ်စွဲခဲ့ဖူး ပါတယ်။ ဆေးရုံအတွင်း ဟားမတ်စ်တို့ ပုန်းအောင်းနေတယ်လို့ အစ္စရေးစစ်ဘက်က ပြောဆိုပေမယ့် ကုသရေး အလုပ်လုပ်နေသူ နော်ဝေးဆရာဝန်နှစ်ဦးကတော့ ဆေးရုံအတွင်း စစ်ရေးလှုပ်ရှားမှု အရိပ်လက္ခဏာ မတွေ့ရဖူးလို့ ပြောပါတယ်။

ယခု အစ္စရေးတို့ထုတ်ဖော်ပြသလိုက်တဲ့ဥမင်ဟာ ၆ ပေခွဲ အမြင့်ရှိပြီး ဆေးရုံအပြင်ဘက်မှ ဆေးရုံအဆောက်အအုံ များအောက် ဝင်ထွက်ပြုလုပ်နိုင်ဖို့ လှိုဏ်ခေါင်းနဲ့ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။ စစ်ပွဲကာလ သူတို့ အသက်ရှင်သန်ရေးအတွက် တစ်ချိန်က ပါလက်စတိုင်း အရပ်သားထောင်ပေါင်းများစွာတို့နဲ့ ပြည့်ကျပ်နေတဲ့ ဆေးရုံကို လူသားဒိုင်းအဖြစ် အသုံးပြုထားခြင်းဖြစ်ကြောင်း ဥမင်လှိုဏ်ခေါင်းအဝကိုတွေ့ရှိခဲ့သူ အစ္စရေးသံချပ်ကာ တပ်ဖွဲ့ရဲ့ တပ်မှူးဗိုလ်မှူးကြီး အီလက်ဒ် ဆူရီက ပြောပါတယ်။ အချိန်အကြာကြီးနေနိုင်ဖို့အတွက် အထဲမှာ လေအေးပေးစက်တပ်ဆင်ထားတဲ့ အခန်းတောင် ပါရှိတယ်လို့လည်း ရှင်းပြပါတယ်။

စစ်သွေးကြွတပ်ဖွဲ့များကို ကိုယ်ယောင်ဖျောက်ရာမှာ ပိုမိုကျယ်ပြန့်တဲ့မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ဟားမတ်စ်တို့က ရှီဖာဆေးရုံကို ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဗဟိုဌာနသဖွယ် အသုံးပြုနေတယ်လို့ အစ္စရေးတို့က စွပ်စွဲ နေခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။

ဟားမတ်စ်တို့နဲ့ ဆေးရုံတာဝန်ရှိသူများကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ ဆေးရုံနေရာဟာ နှစ်ဖက်စလုံး ရဲ့ စစ်ရာဇဝတ်မှုများမှာ အလယ်ဗဟိုဖြစ်နေတယ်လို့ ဆေးရုံတာ၀န်ရှိသူများက ပြောခဲ့ပါတယ်။ ပါလက်စတိုင်း သားတို့ကို သတ်ဖြတ်ဖို့အတွက် အစ္စရေးက ဆေးရုံများကို ပစ်မှတ်ထားနေခြင်းဖြစ်တယ်လို့ ဟားမတ်စ်တို့က စွပ်စွဲနေပြီး ဂျူးတို့ကို တိုက်ခိုက်မယ့် လက်နက်ကိုင်တိုက်ခိုက်ရေးသမားများ ခိုလှုံရာအဖြစ် ဆေးရုံကို အသုံးပြုနေ တယ်လို့ အစ္စရေးက ပြောခဲ့ပါတယ်။

ဂျာနယ်လစ်များကို တင်ဆောင်လာတဲ့ အစ္စရေးစစ်ယာဉ်များဟာ အစ္စရေးရဲ့ရက်သတ္တ ခုနစ်ပတ်နီးပါးကြာ ပါစလက်တိုင်းနယ်မြေ ကျူးကျော်ဝင်ရောက်စဉ်အတွင်း ပြိုကျနေတဲ့ နေအိမ်များ၊ အဆောက်အအုံများ မရှိတော့ပဲ ဟာလာဟင်းလင်းဖြစ်နေတဲ့ ဧရိယာများကို ဖြတ်ကျော်ပြီး ဂါဇာမြောက်ပိုင်း ဆေးရုံထံ ရောက်ရှိလာကြပါတယ်။

တွေ့မြင်ရတဲ့ ဥမင်လိုဏ်ခေါင်းဟာ အမိုးခုံးများနဲ့ သပ်သပ်ယပ်ယပ်ရှိနေပြီး ကျောက်တုံးများ၊ ကွန်ကရစ်များနဲ့ အခိုင်အမာ ဖောက်လုပ်တည်ဆောက်ထားတဲ့ အဆောက်အဦ တစ်ခုဖြစ်ပါတယ်။ အမှောင်ထဲမှာ လင်းလင်း ချင်းချင်း ရှိစေဖို့အတွက် အစ္စရေးအစောင့်စစ်သားက လက်နှိပ်ဓါတ်မီးများအသုံးပြုထားပြီး မီးဖိုချောင်ငယ်တစ်ခု၊ တံခါး ပိတ်ဖွင့်ပါ အိမ်သာတွဲလျက် ရေချိုးခန်းအပြင် သတ္တုကုတင်နှစ်လုံးပါ အခန်းတစ်ခန်းဟာ အစည်းအဝေး များအတွက် လုံလောက် အကျယ်အဝန်းရှိနေပါတယ်။

ဟားမတ်စ်တို့ပြင်ဆင်ထားတဲ့ တခြားဥမင်လမ်းကြောင်းတစ်ခုရှိနေသေးတယ်လို့ ယူဆရပြီး အဲဒါကို မဖွင့်ရသေး ကြောင်း အဲဒီကနေ ဂါဇာမြို့ထဲကိုသွားနိုင်တဲ့ ဥမင်လမ်းကြောင်းများ ရှိနေတယ်ဆိုတာ သေချာကြောင်း၊ ဂါဇာရှိ သူငယ်တန်းကျောင်းတစ်ကျောင်းမှာ အ၀င်အထွက်ပြုလုပ်နိုင်တဲ့ ဥမင်လိုဏ်ခေါင်းရှိနေတာကို စစ်တပ်က သိရှိထားကြောင်း အစ္စရေးတင့်ကားတပ်မှူးက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အကြီးဆုံးဖြစ်တဲ့ ရှီဖာဆေးရုံကို တိုက်ခိုက်ခြင်း အပါအဝင် သူတို့ရဲ့ ကမ်းမြှောင်ဒေသ အတွင်း စစ်ဆင်ရေးအတွက် အစ္စရေးအနေနဲ့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ လူပေါင်း ၁၂ဝဝ သေဆုံးပြီး ၂၄ဝ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ အောက်တိုဘာ ၇ ရက် ပါလက်စတိုင်းစစ် သွေးကြွတို့ရဲ့ တိုက်ခိုက်ပြီးကတည်းက ဟားမတ်စ်တို့ကို လက်တုံ့ပြန်ချေမှုန်းရမှာ အစ္စရေးက လူ ၁၃,ဝဝဝ ခန့်ကို သတ်ဖြတ်ခဲ့ တယ်လို့ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်များ၊ လက်ပစ်ဗုံးများ၊ အခြားဖောက်ခွဲရေး ပစ္စည်းများကို ဆေးရုံအပြင်ဘက် မြေပြင်မှာ အစ္စရေးစစ်တပ်က ခင်းကျင်းပြသထားပါတယ်။ အဲဒီပစ္စည်းတွေဟာ မကြာသေးမီရက်များက ဆေးရုံအတွင်း၊ လူနေခန်းပါ ရွေ့လျား မော်တော်ယာဉ်နဲ့ အနီးနားရှိ မော်တော်ကားများအတွင်းမှာ စုဆောင်းရရှိခဲ့ခြင်း ဖြစ်တယ်လို့ အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီးက ရှင်းပြပါတယ်။

ဓားစာခံတစ်ဦးဖြစ်သူ ဂျူးလူမျိုး နိုအာမာစီယာနို (၁၉) နှစ်ရဲ့ရုပ်အလောင်းကို အပြင်ဘက် ဆေးပေးခန်းအနီးမှာ စစ်တပ်က ကောက်ယူခဲ့ရလို့ သိရှိရပါတယ်။ သူဟာ အောက်တိုဘာ ၇ ရက် ပါလက်စတိုင်းစစ်သွေးကြွတို့ တိုက်ခိုက်စဉ် ဖမ်းဆီးခံရတဲ့ အစ္စရေး စစ်သမီးတစ်ဦးဖြစ်ပြီး အစ္စရေးလေကြောင်း တိုက်ခိုက်မှုမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း စောစောပိုင်း ဟားမတ်စ်တို့ရဲ့သတင်းထုတ်ပြန်ချက် ဗွီဒီယိုမှာ ပါရှိခဲ့ဖူးပါတယ်။ သတင်းအေဂျင်စီများ အနေနဲ့ အစ္စရေးရော ဟားမတ်စ်တို့ရဲ့ ရှင်းလင်းချက်များကိုပါ အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။

ဝါရှင်တန်အိမ်ဖြူတော်ကတော့ မိမိတို့ရဲ့အလွတ်သဘော ထောက်လှမ်းရေးသတင်းများအရ ဟားမတ်စ်တို့ အနေနဲ့ သူတို့ရဲ့ကွပ်ကဲမှုနေရာများကို ဖုံးကွယ်ရာမှာ ရှီဖာ အပါအဝင် ဂါဇာကမ်းမြောင်ရှိ ဆေးရုံများကို အသုံးပြုကြောင်း ညွှန်ပြနေတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဟားမတ်စ်တို့ကတော့ ဝါရှင်တန်ရဲ့ပြောဆိုချက်ကို ငြင်းဆိုပါတယ်။ အိမ်ဖြူတော်တဲ့ ပင်တာဂွန်တို့ဟာ အစ္စ္စရေးရဲ့ မိုးလုံးပြည့် မုသာဝါဒ စကားများအတိုင်း သံယောင်လိုက်ပြီး တစ်ဖက်သပ်ရပ်တည်နေခြင်းဖြစ်ကြောင်း အယ်လ်ရှီဖာဆေးရုံကို စစ်ရေးအတွက် အသုံးပြုနေကြောင်း စွပ်စွဲခြင်းဖြင့် ဂါဇာကို သိမ်းယူပြီး ပါလက်စတိုင်း အရပ်သားတွေကို အစုအပုံလိုက် ပိုမိုသတ်ဖြတ်ဖို့အတွက် မီးစိမ်းပြလိုက်ခြင်းဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဟားမတ်စ်တို့ရဲ့ပုန်းအောင်းရာနေရာအဖြစ် ဆေးရုံအောက်ကို ရည်ညွှန်းပြောဆိုသူ အစ္စရေးတို့ကတော့ ရှီဖာမှာ ဖြစ်ပျက်ခဲ့တွေဟာ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း နိုင်ငံတကာအနေနဲ့ ပြောဖို့သင့်နေပြီလို့ ဆိုပါ တယ်။

(ယခုသတင်းအရ အစ္စရေးတို့ပြောဆိုသည့် မြေအောက်ဥမင်ဆိုသည်မှာ ဆေးရုံအောက်ရှိ လှိုဏ်ခေါင်းနှင့် ဥမင် ဆက်သွယ်ထားခြင်း တွေ့ရ-မတွေ့ရ ရှင်းရှင်းလင်းလင်း မရှိပါ။ သို့သော် ရှီဖာဆေးရုံအပြင်ဘက် တံတိုင်းအနီးတွင် ဖြစ်၍ ထိုတစ်ချက်တည်းနှင့်ပင် ဟားမတ်စ်တို့အတွက် အတော်မျက်နှာပျက်စရာဖြစ်နေပါပြီ။ ။သတင်းဘာသာ ပြန်သူ)

#ရှီဖာဆေးရုံအောက်_ဟားမတ်စ်မြေအောက်လှိုဏ်ခေါင်း #အစ္စရေး #နိုအာမာစီယာနို #ဂါဇာကမ်းမြှောင်

(Reuters., 23 November 2023,” Israeli army displays tunnel beneath Al Shifa it says served as Hamas hideout” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးနဲ့ဟားမက်စ်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးစတင်လိုက်ပြီး ဖမ်းဆီးထားသူများကိုအပြန်အလှန်ပြန်လွှတ်ပေးဖွယ်ရှိနေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved