ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အိန္ဒိယအစိုးရကို အမေရိကန်အစိုးရ သတိပေး
Pika (NSS) - နိုဝင်ဘာ ၂၃
အမေရိကန်နိုင်ငံတွင်ရှိသော ဆစ်ခ်ဘာသာဝင်ခွဲထွက်ရေးသမားများကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုများရှိနေသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကို အလေးအနက်ထားလုပ်ဆောင်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယအစိုးရကို သတိပေးပြောဆိုခဲ့ကြောင်း အမေရိကန်အစိုးရက ပြောခဲ့သည်။
အမေရိကန် နှင့် ကနေဒါနိုင်ငံသား Gurpatwant Singh Pannun ကို လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုများ ကို အမေရိကန်အာဏာပိုင်များက တားဆီးနိုင်ခဲ့ကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။ ကနေဒါနိုင်ငံရှိ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုဖြင့် အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးဌာနများကို ကနေဒါနိုင်ငံက ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပြီးနောက် နှစ်လအကြာတွင် အမေရိကန် နိုင်ငံမှာ ယခုကဲ့သို့ အငြင်းပွားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Adrienne Watson က "ဒီကိစ္စကို ကျွန်မတို့အလေးအနက်ထားလုပ်ဆောင်နေပါတယ်။ ပြီးတော့ အကြီးတန်းအဆင့်အရာရှိတွေ အပါအဝင် အမေရိကန်အစိုးရနဲ့ အိန္ဒိယအစိုးရတို့ကြား အဲ့ဒီစွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်နေပါ တယ်။ အိန္ဒိယအစိုးရဖက်က အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အံ့ဩမိကြောင်းနဲ့ စိုးရိမ်မိကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့မူဝါဒမဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အိန္ဒိယအစိုးရသည် အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေပြီး လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ပြောကြားချက်များရှိလာမည်ဟု ယုံကြည်ကြောင်း Adrienne Watson က ပြောခဲ့သည်။
၎င်းက "ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ယူဆရတဲ့ ဘယ်သူမဆို တာဝန်ခံသင့်တယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်" ဟု ပြောခဲ့သည်။ Gurpatwant Singh Pannun သည် အမေရိကန်အခြေစိုက် Sikhs for Justice ၏ အထွေထွေအကြံပေးတစ်ဦးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်နိုင်ငံ ချားစ်ဘုရင် ကိုယ်တိုင်ချီးမြှင့်တဲ့ဂုဏ်ထူးဆောင် MBE ဘွဲ့တံဆိပ်ကို Blackpink အဖွဲ့ရရှိခဲ့
RELATED POSTS
07 Oct 2024 | နိုင်ငံရေး,ပြည်တွင်း