ပီရူးမှာ နှစ်ပေါင်း ၁ဝဝဝ သက်တမ်းရှိ မမ်မီရုပ်အလောင်းများ ရှာဖွေတွေ့ရှိ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၃
ပီရူးနိုင်ငံ၊ လီမာမြို့တော်မှာ ရှေးဟောင်းသုတေသနပညာရှင်တွေက တစ်ချိန်တုန်းက ဘာသာရေးဆိုင်ရာ မြင့်မြတ် တဲ့အခမ်းအနားတွေ ကျင်းပရာနေရာမှ အနည်းဆုံး နှစ်ပေါင်း ၁,ဝဝဝ သက်တမ်းရှိ မမ်မီရုပ် အလောင်းလေးခု တူးဖော်တွေ့ရှိခဲ့ပါတယ်။ ၎င်းဟာ လီမာမှာ လက်ရှိတူးဖော်နိုင်ခဲ့တဲ့ ရှေးအကျဆုံး မံမီရုပ်အလောင်းများမှ တစ်ခု ဖြစ်ပါတယ်။
တနင်္လာနေ့ (နိုဝင်ဘာ ၂ဝ ရက်) မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေဟာ ကလေးအရွယ်တွေဖြစ်ပြီး အရွယ် ရောက်ပြီးသူ တစ်ဦးရဲ့အကြွင်းအကျန်တွေနဲ့အတူ တွေ့ရပါတယ်။ ၎င်းမြုပ်နှံမှုဟာ ပီရူးအလယ်ပိုင်းကမ်းရိုးတန်းမှာ ဖြစ်ပေါ်လာတဲ့ အင်ကာအင်ပါယာ၊ အန်ဒန်ဒေသကို လွှမ်းမိုးခြင်းမပြုမီဖြစ်ပေါ်လာတဲ့ Ychsma ယဉ်ကျေးမှုမှ ဆင်းသက်လာခြင်းဖြစ်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။
တစ်ချိန်ကလည်း လီမာမြို့အနီး ဘုရားကျောင်းတစ်ခုကို ဝှက်ထားတယ်လို့ ယူဆရတဲ့ တောင်ကုန်းငယ်တစ်ခုမှာ လှေကားထစ်တစ်ခုနဲ့ ရုပ်ကြွင်းအချို့ တူးဖော်ရရှိခဲ့ပါသေးတယ်။ အဆိုပါဘုရားကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ဝဝ ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ယခုတွေ့ရှိရတဲ့ မမ်မီတွေဟာလည်း အဆိုပါဘုရားကျောင်းအနီးမှာတွေ့ရှိရခြင်းဖြစ်တာကြောင့် ဘာသာရေး အယူအဆကြောင့် ဘုရားကျောင်းမှာ လာရောက်မြုပ်နှံထားခြင်းဖြစ်မယ်လို့ ယူဆထားပါတယ်။
မမ်မီတွေရဲ့ဦးခေါင်းခွံတွေမှာ ဆံပင်တွေတောင် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ လူဦးရေ ၁ဝ သန်းခန့် နေထိုင် တဲ့ ပီရူးမြို့တော် လီမာမှာ ရှေးဟောင်းသုတေသန အပျက်အစီး ၄ဝဝ ခန့် ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရပ် ၆ ပေရှိတဲ့ နွားသိုးကြီးတွမ်မီ ကမ္ဘာ့အကြီးဆုံးနွားကြီးအဖြစ် စံချိန်တင်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း