အရပ် ၆ ပေရှိတဲ့ နွားသိုးကြီးတွမ်မီ ကမ္ဘာ့အကြီးဆုံးနွားကြီးအဖြစ် စံချိန်တင်
ရောင်နီ (NSS) - နိုဝင်ဘာ ၂၃
အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်မှ အရပ် ၆ ပေ ၁ လက်မရှိ နွားသိုးကြီး တွမ်မီဟာ ကမ္ဘာ့အကြီးအဆုံး၊ အရပ် အရှည်ဆုံးနွားကြီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ရိုက်ချိုးခဲ့ပါတယ်။
ပိုင်ရှင်တွေကတော့ ဖရက်ဘလ်ဝမ်ဒါနဲ့ လော်ရီတို့ဖြစ်ပြီး နွားကြီးရဲ့အသက်ကတော့ ၁၃ နှစ်ပါ။ နွားကြီးကို နို့စားမွေးမြူရေးခြံတစ်ခုမှာ လေလံတင်ရောင်းချရာမှ ဝယ်ယူကာ ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဖရက်ဘလ်ဝမ်ဒါနဲ့ လော်ရီတို့ သားအဖဟာ ၎င်းတို့လက်ထဲ တွမ်မီ ဧရာမကြီးဖြစ်လာတာကို မယုံနိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တွမ်မီဟာ စပါးခြောက် ၁၃ ကီလိုဂရမ်၊ မြက်ခြောက် ၃၄ ကီလိုဂရမ်နဲ့ တစ်နေ့ကို ရေ ၁၅ဝ လီတာကျော်ကို စားသုံး ပါတယ်။ သူက ပန်းသီးကိုလည်းကြိုက်ပေမယ့် သူ့အကြိုက်ဆုံး သရေစာကတော့ သစ်ကြံပိုးခေါက်လို့ သိရပါတယ်။
တွမ်မီဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တွမ်မီရဲ့ အလေးချိန်ကတော့ ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက် ၁ဝ၂၇ တိုက်ပွဲတွေ နောက်ကွယ်မှာ ပါဝင်ခြင်းမရှိကြောင်း တရုတ်ဘက်က သက်သေပြသင့်တဲ့ အချက်များ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း