Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားထံမှ စစ်ရေးအရ ခြိမ်းခြောက်မှုများကို မမြင်မိကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော

Pika (NSS) - နိုဝင်ဘာ ၂၂

နေတိုးအဖွဲ့ဝင်နိုင်ငံ (သို့မဟုတ်) ဘော်လ်ကန်ဒေသအပေါ် ရုရှား၏ စစ်ရေးအရခြိမ်းခြောက်မှုများကို မမြင်မိကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ချ်က ထုတ်ဖော်ပြောခဲ့သည်။

ဂျန်စတိုလ်တန်ဘာ့ချ်သည် ၂ဝ၁၉ ခုနှစ်တွင် နေတိုးအဖွဲ့နှင့်ပူးပေါင်းခဲ့သော ယူဂိုဆလပ်သမ္မတနိုင်ငံဟောင်းဖြစ် သည့် North Macedonia နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

North Macedonia နိုင်ငံဝန်ကြီးချုပ် Dimitar Kovacevski နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဂျန်စတိုလ်တန်ဘာ့ချ်သည် ရုရှားနိုင်ငံက ဘော်လ်ကန်ဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ရန် အစီအစဉ် ရှိနေကြောင်း ယူကရိန်းသမ္မတဇီလန်စကီး၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ပတ်သက်ပြီး မေးမြန်းခံရသည့်အချိန် တွင် ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။


ဂျန်စတိုလ်တန်ဘာ့ချ် က "နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဒါမှမဟုတ် ဘော်လ်ကန်ဒေသအပေါ် ရုရှားရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့မမြင်မိပါဘူး။ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့ သတိကြီးကြီးထား နေတုန်းပါပဲ။ ရုရှားရဲ့လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပြီး စည်းလုံးညီညွတ်စွာရှိ နေပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ယူကရိန်းသမ္မတဇီလန်စကီးက အခိုင်အမာပြောဆိုခဲ့သည့် ရုရှားဖက်က စစ်ရေးအရ ခြိမ်းခြောက်မှုမျိုး လည်းမရှိခဲ့ကြောင်း ဂျန်စတိုလ်တန်ဘာ့ချ်က အခိုင်အမာပြောခဲ့သည်။ ရုရှားနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏နောက်ကွယ်တွင် ရှိနေပြီး ယူကရိန်းအပေါ် ကမ္ဘာကြီး၏အာရုံစိုက်မှုများကို လွှဲစေရန်အတွက် ဘော်လ်ကန်ဒေသနှင့် မော်လ်ဒိုဗာနိုင်ငံတို့ကို ဖြိုခွင်းရန်ကြံစည်နေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက အခိုင်အမာပြောခဲ့သည်။

ဇီလန်စကီး က "ဘော်လ်ကန်ဒေသကို အာရုံစိုက်ကြပါ။ ကျွန်တော်တို့ သတင်းအချက်အလက်တွေ ရရှိထားတာ မလို့ ကျွန်တော့်ကို ယုံကြည်ကြပါ။ ရုရှားမှာ ရှည်လျားတဲ့အစီအစဉ်တစ်ခုရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာပေါ် မှာရှိတဲ့နိုင်ငံတွေက ဘာမှမလုပ်ကြဖူးဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ပဋိပက္ခလိုပဲ နောက်ထပ် ပဋိပက္ခတစ်ခု ထပ်မံဖြစ်ပွားလာပါလိမ့်မယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အောက်တိုဘာလက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၃ သိန်း နီးပါးနေရပ်စွန့်ခွာခဲ့ရဟု ကုလသမဂ္ဂအဖွဲ့ပြော

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved