အောက်တိုဘာလက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၃ သိန်း နီးပါးနေရပ်စွန့်ခွာခဲ့ရဟု ကုလသမဂ္ဂအဖွဲ့ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်ကစတင်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့လက်နက်ကိုင်ပဋိပက္ခတွေဟာ အရှိန်အဟုန်မြင့်လာပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာ တိုက်ပွဲတွေ ကျယ်ပြန့်လာနေပြီး နေရပ်စွန့်ခွာနေထိုင်နေရသူအရေအတွက် ၃ သိန်းနီးပါး ရှိလာခဲ့ ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တောင်ပိုင်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေကို ထိခိုက်လျက်ရှိနေပြီး လွန်ခဲ့တဲ့ တစ်လနီးပါးကတည်းက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၂၈၆,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ (၉) ရက်အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၂) သန်း ကျော် လွန်သွားခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲတွေကြောင့် အရေးပါတဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ပြတ်တောက်လျက်ရှိပြီး အရပ်သား ရွှေ့ပြောင်းသွားလာမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ဝင်ရောက်ပေးအပ်နိုင်ဖို့ အဟန့်အတားတွေ လည်းဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဘာသာရေးနဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက လူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ ဘေးဒဏ်သင့်ရပ်ရွာတွေကို ဝင်ရောက် ကူညီနိုင်သမျှနေရာတိုင်းမှာ လိုက်လျောညီထွေတဲ့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး အရေးပါတဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပံ့ပိုးလျက်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်တဲ့ United Nations OCHA Myanmar က ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၂၂ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း